A d v e r t i s e m e n t With Us

အရှိန်လွန်ကားတစီး မီးနီကိုဖြတ်ပြီး ကား ၅ စီးထက်မနည်း ဆင့်ကဲတိုက်မိ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဟဘေးခရိုင်၊ ကျန်းတိုင်မြို့မှာ ကားတစီးဟာ လမ်းမလယ်ကောင်မှာ ရပ်ထားခဲ့ရာကနေ ရုတ်တရက် မောင်းထွက်ပြီး မီးနီကိုဖြတ်ကာ ကား ၅ စီးထက်မနည်း ဆင့်ကဲတိုက်မိခဲ့ပါတယ်။ အဲဒီကားဟာ ဗင်ကားတစီးကို အရင်တိုက်မိခဲ့ပြီးမှ မီးနီကိုဖြတ်ကာ လမ်းတဘက်က မောင်းနှင်လာတဲ့ ယာဉ်တွေကို ဆက်တိုက် တိုက်မိခဲ့တာလို့ ဇွန် ၂၆ ရက် စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဒီမတော်တဆမှုကြောင့် အငှားယာဉ်မောင်းတဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လျှပ်စစ်စက်ဘီးတစီးနဲ့ သုံးဘီးယာဉ်တစီးပေါ်မှ လူတွေလည်း အနည်းအကျဉ်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ကားမောင်းသူဟာ မူးယစ်သောက်စားထားတာကို ရဲတွေက တွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up