A d v e r t i s e m e n t With Us

လှိုင်သာယာ စက်မှုဇုန် ၃ ရှိ အထည်ချုပ်စက်ရုံ မီးလောင် (သတင်းဓာတ်ပုံ)

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃၊ ဘုရားလမ်းက Myanmar York Fashion အထည်ချုပ်စက်ရုံမှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ စက်ရုံမီးလောက်မှုကို စီစီတီဗွီ ကင်မရာကတဆင့် စစ်ဆေးခဲ့ရာမှာ ၂၄ နာရီ အပူပေးတဲ့စက် အပူလွန်ကဲပြီး မီးလောင်တာဖြစ်ကြောင်း သိရပါတယ်။ မီးလောင်မှုကို မီးသတ်ယာဉ် ၃၅ စီးနဲ့ လာရောက်ငြှိမ်းသတ်ခဲ့ပြီး မနက် ၆ နာရီခွဲလောက်မှာ မီးကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၇၀ ၀န်းကျင်ရှိတယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - မေသင်္ကြန်  

A d v e r t i s e m e n t With Us

More News
Up