အိုက်စလန်ကို ရှုံးပြီး နာမည်ကြီး အင်္ဂလန် ယူရိုပြိုင်ပွဲမှ ထွက် (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ ရှုံးထွက်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ အိုက်စလန်တို့ ဇွန် ၂၇ ရက်က ယှဉ်ပြိုင်ရာ  နာမည်ကြီး အင်္ဂလန်အသင်း ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ပွဲအစ ၄ မိနစ်မှာပဲ အင်္ဂလန် ပယ်နယ်တီရခဲ့တာကို ၀ိန်းရွန်နီက ကန်သွင်းပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်ရဲ့ ဦးဆောင်ဂိုးဟာ ၂ မိနစ်သာခံပြီး ပွဲချိန် ၆ မိနစ်မှာ ဆီဂတ်ဆန် (Ragnar Sigurdsson) က ချေပဂိုးသွင်းယူခဲ့သလို ၁၈ မိနစ်မှာ ဆစ်သော်ဆန် (Kolbeinn Sigthorsson) က အနိုင်ဂိုးသွင်းယူခဲ့လို့ ပွဲအပြီးမှာ အိုက်စလန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။ ဒီပွဲမှာ အင်္ဂလန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်တွေမှာလည်း အသာစီး ရခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ အရှုံးပေးလိုက်ရတာပါ။ ဒီပွဲအနိုင်ရတဲ့ အိုက်စလန်အသင်းဟာ ယူရို ၂၀၁၆ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီး လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ အိမ်ရှင် ပြင်သစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up