ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား FTA ဆွေးနွေးပွဲ ပြန်လည်စတင်

လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်အတွက် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံက တာဝန်ရှိသူတွေဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဒီကနေ့ ပြန်လည်ဆွေးနွေးကြတယ် လို့  အန်အိပ်ခ်ျကေသတင်းက ရေးပါတယ်။ ဗြိတိန်က အီးယူအဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့အပြီးမှာ မတည်မငြိမ်ဖြစ်မယ့် လက္ခဏာ တွေ ကြီးထွားလာတောကြောင့် တွေ့ဆုံမှုအရှိန်မြှင့်ဖို့လိုတယ်လို့ စေ့စပ်သူတွေက သဘောတူခဲ့ကြပါတယ်။ တောင်ကိုရီးယား ကုန်သွယ်ရေးဒုဝန်ကြီး ကင်မ်ဟတ်ဒိုက အီးယူကဗြိတိန်ထွက်ရေးမထွက်ရေး လူထုဆန္ဒခံယူပွဲဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတည်ငြိမ်မှုကို လျော့ပါးစေလိမ့်မယ်လို့ ပြောပါတယ်။ သွက်လက်တဲ့ ကုန်သွယ်မှုဟာ သုံးနိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်နိုင်စေမှာမို့ ဆွေးနွေးပွဲအရှိန်ကို မြှင့်တင်ဖို့ သူက တောင်းဆိုပါတယ်။ ဂျပန်ကုန်သွယ်ရေးဒုဝန်ကြီး ကိုင်ချီကာတာကာမိက ဥရောပရဲ့ဖြစ်ထွန်းမှုတွေဟာ တိုးတက်မှု နိမ့်ကျတဲ့ ကမ္ဘာတ၀န်းကို သက်ရောက်စေမယ့် စိုးရိမ်ဖွယ်ရှိနေတယ်လို့ ပြောပါတယ်။ ဂျပန်နိုင်ငံမှာ ဒီနှစ်ကုန်ပိုင်းကျင်းပမယ့် သုံးနိုင်ငံထိပ်သီးခေါင်ေးဆာင်အစည်းအဝေးကျရင် ခေါင်းဆောင်တွေကို သတင်းကောင်း တင်ပြအစီရင်ခံနိုင်အောင် စေ့စပ်ဆွေးနွေးနေသူတွေမှာ တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက အစည်းအဝေးမှာ ခေါင်းဆောင်တွေဟာ ကုန်သွယ်ရေးဆွေးနွေး ပွဲတွေကို အရှိန်မြှင့်ဖို့သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ဂျပန်နဲ့တောင်ကိုရီးယားက ကုန်သွယ်ရေးလွတ်လပ်ခွင့်ကို လိုလားကြပေမယ့် တရုတ်နိုင်ငံကတော့ နိုင်ငံတွင်းက စက်မှုလုပ်ငန်းတွေ အကာအကွယ်ရမှုကို လိုလားတာကြောင့် တိုးတက်ဖြစ်ထွန်းမှု နှေးကွေးနေတာလို့ဆိုပါတတယ်။ ဒီကနေ့မှာပဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအို ကီရှီဒါဟာ ဂျပန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Tim Hitchens ကို တိုကျိုမှာ ဒီနေ့တွေ့ဆုံပြီး ယူကေမှာရှိတဲ့ ဂျပန်ကုမ္ပဏီတစ်ထောင်ကျော်ကို ပုံမှန်စီးပွားရေး ဆက်လက်လုပ်ခွင့်ပေးရေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဗြိတိသျှသံအမတ်ကလည်း ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့လို အရေးကြီးတဲ့မိတ်ဖက်တွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းမယ်။ လာမယ့် ဇွန် ၂၉ ရက်နေ့ကျရင် ဗြိတိန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန်ကုမ္ပဏီတွေအတွက် တိုကျိုမြို့က ဗြိတိသျှသံရုံးမှာ ဆွေးနွေးပွဲလက်ခံ ကျင်းပမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up