နှစ် ၂၀ ခန့် ၀ရမ်းပြေးဖြစ်နေသည့် မာဖီးယားလူဆိုးဂိုဏ်းခေါင်းဆောင်ကို အီတလီ ဖမ်းဆီး

ဓာတ်ပုံ - Carabinieri/EPA
အီတလီအစိုးရရဲ့ အလိုချင်ဆုံး လူစာရင်းထဲက ဒုတိယမြောက် မာဖီးယား လူဆိုးဂိုဏ်းခေါင်းဆောင် အားနက်စတို ဖက်ဇာလာရီဟာ နှစ် ၂၀ လောက် ဝရမ်းပြေး ဖြစ်နေအပြီး ဇွန်လ ၂၆ ရက်က အဖမ်းခံခဲ့ရပါတယ်။ သူဟာ အီတလီရဲ့ အချမ်းသာဆုံးနဲ့ သြဇာအကြီးဆုံး ရာဇဝတ်ဂိုဏ်း ကာလေဘရီယံ ဒရန်ဂီတာ (Calabrian 'Ndrangheta) ရဲ့ အကြီးအကဲပါ။ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိမှုနဲ့ သြဇာလွှမ်းမှုဟာ စစ္စလီကျွန်းက ကိုဆာ နော့စတျာ မာဖီးယားဂိုဏ်းခေါင်းဆောင် မက်သီယို မက်ဆီနာ ဒေနာရို ပြီးရင် ဒုတိယလိုက်တယ်လို့ ရဲကြေညာချက်က ဆိုပါတယ်။ ဖက်ဇာလာရီဟာ အသက် ၄၆ နှစ်ရှိပြီး လူသတ်မှု၊ ဂိုဏ်းဖွဲ့ရာဇဝတ်မှု၊ မူးယစ်ကုန်ကူးမှု၊ လုယက်မှုနဲ့ တရားမဝင် လက်နက်ပိုင်ဆိုင်မှုတွေအတွက် အပြစ်ရှိကြောင်းတွေ့အပြီးမှာ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ကို ရင်ဆိုင်ထားရပါတယ်။ သူဟာ ဆေးဝါး ပြည်တွင်းတင်သွင်းရောင်းချမှုက တဆင့် အမြတ်အစွန်း အများကြီး ရပြီး ကာလေဘရီယံ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up