Home
မြန်မာသတင်း
မူးယစ်ဆေးများဖြင့်အဖမ်းခံရသည့် ၀အမျိုးသားအဖွဲ့ဒုဥက္ကဋ္ဌကို အဖွဲ့အစည်းနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်
နန်းမြနဒီ
·
June 27, 2016
ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင်း ဘတ် ၆ သန်းကျော်တန်ဘိုးရှိ အိုက်စ်မူး ယစ်ေ ဆးတွေ့ရှိမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ‘၀’ အမျိုးသားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာ့မဟာ ဆိုသူမှာ အဖွဲ့အစည်း နှင့် သက်ဆိုင်မှုမရှိကြောင်း (WNO/WNA) ‘၀’ အမျိုးသားအဖွဲ့ချုပ်က  ဇွန်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒုဥက္ကဋ္ဌ တာ့မဟာမှာ လွန်ခဲ့တဲ့ ၅ လကျော်ကတည်းက အဖွဲ့တွင်း အစည်းအဝေး တက်ရောက်ခြင်းမရှိတဲ့အပြင် အဖွဲ့နဲ့အဆက်အသွယ်မပြုတဲ့အတွက် မေလကတည်းက တာဝန်မှ ရပ်ဆိုင်းထားကြောင်း အထွေထွေအတွင်းရေးမှူး ၁  တာ့ညီလူက ဒီဗွီဘီကို ပြောပါတယ်။ “တာ့မဟာက  အဖွဲ့အစည်းနဲ့ လုံးဝဆက်သွယ်မှုမရှိတာရယ်၊ ကျနော်တို့ ဒဗလျူအန်အိုက လစဉ် ကျင်းပတဲ့ ပုံမှန်အစည်းအဝေးကို မတက်တာလည်း လေးငါးလလောက်ရှိပြီ။ ဘာကြောင့် မတက်ရောက်သလဲဆို အဆက်အသွယ်လည်း မလုပ်ဘူး။ ဒါကြောင့် မေလ ၂ ရက်နဲ့ ၃ ရက်နေ့ ကလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးကနေ သူ့ကိုတာဝန်ကနေ ယာယီရပ်ဆိုင်းတဲ့အကြောင်း ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျ။” ဒါကြောင့် ထိုင်းသတင်းကရော မြန်မာသတင်းဌာနတွေကပါ စွပ်စွဲနေတဲ့  ဒုဥက္ကဋ္ဌ တာ့မဟာ ဆို တာ (WNO/WNA) ‘၀’ အဖွဲ့အစည်းနဲ့ သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်ရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ သူတို့အဖွဲ့ပေါ်လစီအရ အဖွဲ့ဝင်တဦးဦးဟာ အဖွဲ့ချုပ်ကို ထိခိုက်စေနိုင်တဲ့ ကိုယ်ကျင့်တရား ပျက်ပြားခြင်း၊ အလွဲသုံးစားလုပ်ခြင်းနဲ့ အဖွဲ့ကိုထိခိုက်စေတယ်ဆိုရင် သတိပေးခြင်း၊ တာဝန်မှ ရုပ်သိမ်းခြင်း၊ အဖွဲ့မှ ထုတ်ပယ်ခြင်း ရှိတဲ့အတွက် တာ့မဟာကို အဖွဲ့ချုပ်က အလိုအလျောက် ထုတ်ပယ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ တာ့မဟာဆန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ (WNO/WNA)  ၀ - အမျိုးသားအဖွဲ့ချုပ်ဟာ ၁၉၇၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုနဲ့ ၀ ပြည်နယ်ရရှိရေး အတွက်  ထိုင်းမြန်မာနယ်စပ်မှာ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ တာ့မဟာကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ်  ဒုညွှန်မှူး ရဲမှူး ပရယခ်ျ ဘွန်းဆီ ကတော့  ဖမ်းဆီးခံထားရသူ အသက် ၆၇ နှစ်ရှိ နိုင်း(ဦး) ကပ်  ခေါ် (ဦး) မဟာ ဆိုသူမှာ ထိုင်းဘက်က မူးယစ်မှုနဲ့ အလိုရှိကြောင်း ထုတ်ပြန်ထားတဲ့ ယိဆေးနဲ့ အဆက် အသွယ်ရှိသူ မဟာကြာရဲ့ အဖွဲ့ထဲက ဖြစ်တယ်လို့  ဇွန်လ ၂၃ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီမတိုင်ခင် ဇွန်လ ၂၁ ရက်နေ့က ချင်းမိုင်မြို့ ပါဒက်ရပ်ကွက်ထဲမှာ ဆွန်ဖုန်း လုင်းယာ အမည်ရှိ အသက် ၃၉ နှစ်ရွယ် ရှမ်းလူမျိုးတဦးထံမှ ဘတ်ငွေ ၆ သန်းကျော်တန်ဘိုးရှိ အိုက်စ်မူးယစ်ဆေး ၁၀ ကီလိုဂရမ်ကို ဖမ်းမိခဲ့ပြီး ၄င်းရဲ့ ထွက်ဆိုချက်အရ ပစ္စည်းပိုင်ရှင် တာ့မဟာကို ထိုင်းရဲ တပ်ဖွဲ့က ဆက်လက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024