မက်ဆီ လက်ရွေးစင်ကစားသမားဘ၀က အနားယူကြောင်း ကြေညာ

ဓာတ်ပုံ - ရိုက်တာ
အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီက လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ကိုပါဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အာဂျင်တီးနားက ချီလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးတဲ့ပွဲအပြီးမှာ အနားယူလိုက်တာပါ။ အဲဒီပွဲမှာ တိုက်စစ်မှူး မက်ဆီ ကန်သွင်းတဲ့ ပင်နယ်တီလည်း လွဲချော်ခဲ့ပါတယ်။ ကျနော့်အတွက်တော့ လက်ရွေးစင် ကစားသမားဘ၀က ပြီးဆုံးသွားပါပြီ။ စွမ်းသလောက်တော့ လုပ်ပေးပြီးပါပြီ။ ချန်ပီယံ မဖြစ်တဲ့အတွက် နာကျင်ရပါတယ်လို့ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးက ပြောပါတယ်။ မက်ဆီဟာ ကလပ်အသင်းတွေမှာ အောင်မြင်ပေမယ့် လက်ရွေးစင် အသင်းနဲ့အတူ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာ ဆုဖလားတွေ တခုမှ ရယူနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း သူဟာ ဘာစီလိုနာနဲ့အတူ လာလီဂါ ချန်ပီယံ ၈ကြိမ်နဲ့ ချန်ပီယံလိဂ် ၄ ကြိမ် ရယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up