A d v e r t i s e m e n t With Us

ကမ္ဘာ့ ကြက်ဥပစ်ဖမ်းပွဲတော် ကျင်းပ

ဓာတ်ပုံ - ပီအေ
အင်္ဂလန်နိုင်ငံအရှေ့ပိုင်း၊ လင်ကွန်းရှိုင်းယားပြည်နယ်မှာ ကမ္ဘာ့ ကြက်ဥပစ်ဖမ်းပွဲတော်ကို ဇွန်လ ၂၆ ရက်က ကျင်းပခဲ့ပြီး ကမ္ဘာတလွှားမှ ပြိုင်ပွဲဝင်အသင်းတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့ကြက်ဥပစ်ဖမ်းအဖွဲ့ချုပ် ဥက္ကဋ္ဌ အန်ဒီဒန်းလော့ပ်က ဂျာမန်အသင်းဟာ အခုနှစ်မှာလည်း စံချိန်တင်ပြီး အကွာအဝေး ၇၆ ဒသမ ၇၃ မီတာကနေ စံချိန်တင်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ၁၁ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ဥရောပရဲ့ ဆန္ဒခံယူပွဲအပေါ် အကျိုးသက်ရောက်စေမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ဥရောပသမဂ္ဂ စည်းမျဉ်းတွေအရ မွေးမြူထားတဲ့ ကြက်ဥတွေကိုပဲ စံသတ်မှတ် စစ်ဆေးမှု အောင်မြင်ပြီးမှ အသုံးပြုထားတာဖြစ်တယ်လို့ ဆိုပါတယ်။ တဘက်အသင်းတသင်းစီမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပွဲအလိုက် လူဦးရေပါဝင်ပြီး အနည်းဆုံး ၁၀ မီတာအကွာအဝေးမှ စတင်ပြီး ယှဉ်ပြိုင်ကြရတာပါ။

A d v e r t i s e m e n t With Us

More News
Up