A d v e r t i s e m e n t With Us

‘ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ’ အစီရင်ခံစာရှင်းလင်းပွဲ ပိတ်ပင်ခံရ

“ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ” အစီရင်ခံစာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ခဲ့ပြီးမှ ၂ ကြိမ်တိတိ ပိတ်ပင်ခံလိုက်ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လိုည်းပိုးညိုဝ်းက ပြောပါတယ်။ ပြီးခဲ့တဲ့  ဇွန်လ ၂၅ ရက်နေ့က “ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ”  အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရန်ကုန် Orchid Hotel ဟိုတယ်မှာ ရှင်းလင်းဖို့ ပြုလုပ်ဖို့ သတင်းမီဒီယာများအား ဖိတ်ကြားထားပြီးဖြစ်ပေမယ့် အနီးကပ်မှ ခွင့်မပြုနိုင်ဟု အကြောင်းကြား လာတဲ့အပြင်  ၂၇ ရက်နေ့မှာ  Excel Treasure Hotel ပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့် ခွင့်မပြခဲ့ဘူးလို့  ပြောပါတယ်။ ဒီအစီရင်ခံစာဟာ စစ်တပ်နဲ့ပတ်သက်လို့ ဆိုပြီးတားမြစ်ခဲ့လို့  လိုည်းပိုးညိုဝ်းက ပြောပါတယ်။ “ကျမတို့က ပထမဆုံး  အော့ခစ်ဟော်တယ်မှာ လုပ်ဖို့ကြိုးစားတယ်။ ဒါပေမယ့်အုပ်ချုပ်ရေးမှူးက ဖုန်းဆက်လာတယ်။ လုပ်လို့မရဘူးတဲ့။ ဒီရဲ့အစီရင်ခံစာက စစ်တပ်နဲ့ ပတ်သက်နေတတာဖြစ်တဲ့ အတွက်ကြောင့်မို့ လုပ်လို့မရဘူးတဲ့။ အထက်က ပြောလိုက်တယ်တဲ့။ ဘယ်အထက်ကလဲလို့ ကျမတို့မေးတဲ့အခါမှာ ရန်ကုန်တိုင်းအစိုးရက ပြောတာတဲ့။ အဲတော့ Excel မှာပြန်လုပ်ဖို့ ကျမတို့ လုပ်ထားတယ်။  အဲဒါ ကျမတို့ကို မနေ့ညက  ၈ နာရီခွဲကျော်မှာ ကျမတို့ကို အကြောင်းပြန်တယ်။ လုပ်လို့မရဘူးတဲ့။ ” ‘ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ’ အစီရင်ခံစာမှာ ရှမ်းပြည်မြောက်ပိုင်း တအာင်းဒေသ က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စီရင်ခံထားပြီး ၂၀၁၁ ကနေ ၂၀၁၆ အထိ  အစိုးရစစ်တပ် ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ပြထားတာဖြစ်တယ်လို့ ပြောပါတယ်။ “လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာက တအာင်းဒေသမှာဆိုရင် ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်မှာ အစိုးရတပ်ကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုချိုးဖောက်နေသလဲဆိုတဲ့ဟာကို ကျမတို့ကတင်ပြထားတာဖြစ်တယ်။ ကျမတို့လုပ်ရတဲ့ရည်ရွယ်ချက်ကလည်း အဓိကက နစ်နာသူ တွေအတွက် အမှန်တရားရရှိဖို့နဲ့ တရားမျှတမှု ပေါ်လွင်အောင်လို့ ကျမတို့လုပ်တာ ဖြစ်တယ်။ စစ်တပ်ကို တိုက်ခိုက်ပြီးပြောနေတာလည်း မဟုတ်ဘူး။ အမှန်ကိုအမှန်အတိုင်းပဲပြောတယ်။ ကျမတို့မှ သက်သေနဲ့တကွ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီးတော့မှ ရှိတယ်။ အဓိကအားဖြင့် ဒီအစီရင်ခံစာထဲမှာ အစိုးရတပ်က ညှဉ်းပန်းနှိပ်စက်မှုကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်နေကြောင်းကို ကျမတို့က အသားပေးဖော်ပြတယ်။ အဲဒီဟာက စစ်ရာဇ၀တ်မှုကို ကျူးလွန်တယ်လို့ ကျမတို့က ဖော်ပြထားတာ။ အဲဒါကြောင့်မို့လို့ သူတို့တွေက သဘောမတူဘူး။ အစိုးရနဲ့ ပတ်သက်နေပါတယ်။ စစ်တပ်နဲ့ပတ်သက်နေပါတယ်ဆိုပြီး ကျမတို့ကို ပိတ်ပင်ထားတာ” လို့  လိုည်းပိုးညိုဝ်းက ပြောပါတယ်။ ဒိလိုပိတ်ပင်တားမြစ်တာဟာ အစိုးရသစ်လက်ထက်မှာလည်း လွတ်လပ်စွာ သတင်းထုတ်ဖော် ပြောဆိုခွင့်မရှိ သေးကြောင်း ဖော်ပြနေနေတာဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက သုံးသပ်ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up