ပျောက်ဆုံး ထိုင်းလေတပ်ရဟတ်ယာဉ် ရှာမတွေ့သေး

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် ညနေပိုင်းက ထိုင်းနိုင်ငံအရှေ့င်း လုပ်ပူရီ နဲ့ လယောင်းခရိုင်ကြား ပျံသန်းရင်း ပျောက်ဆုံးခဲ့တဲ့ ထိုင်းလေတပ်ပိုင်  ဟယ်လီကော်ပတာ တစင်းကနေ့အထိ ရှာမတွေ့ သေးဘူးလို့  mthai.com သတင်းမှာ ဖော်ပြပါတယ်။ လေယာဉ်ရှိမယ်လို့ ယူဆရတဲ့နေရာဟာ ကျန်ထပူရီခရိုင် ကဲန်ဟန်မြောင်းမြို့နယ်တွင်းရှိ ချမော်နဲ့ ၀ုန်းကုတ်တောင်ကြားမှာဖြစ်ပြီး ရာသီဥတုအခြေအနေမကောင်းတာက တကြောင်း၊ သွားလာရခက်ခဲတဲ့ တောနက်ထဲမှာဖြစ်တာကြောင့် ရှာဖွေရခက်ခဲနေတယ်လို့ ထိုင်းလေတပ် ပြောခွင့်ရ ဗိုလ်ချုပ် ဖုန်းဆဒ်ဒီ ဆေမာချိုးက သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့် ဇွန်လ ၂၇ ရက်နေ့မှာလည်း ထိုင်းကြည်းရေလေ တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့၊ ဒေသခံရွာသားများနဲ့ သတင်းထောက်အပါအ၀င် အဖွဲ့ ၅ ဖွဲ့ခွဲပြီး ဆက်လက်ရှာဖွေနေတယ်လို့ လေတပ်ဗိုလိချုပ်က ဆက်ပြောပါတယ်။ အဆိုပါလေယာဉ်ဟာ  UH-1 call sign scorpion3 43  အမျိုးအစား ဟယ်လီကော်ပတာဖြစ်ပြီး လေယာဉ်ပေါ်မှာ လေယာဉ်မောင်းအရာရှိတဦး၊ အကူတဦး နဲ့ စက်ပြင်ဆရာတဦး စုစုပေါင်း ၃ ဦးပါရှိပါတယ်။ သူတို့ဟာ ဇွန်လ ၂၅ ရက်နေ့ ၁၃ နာရီ မိနစ် ၄၀ အချိန်က လုပ်ပူရီခရိုင် ခုတ်ကရ ထိမ်းလေ ဆိပ်မှ စတင်ထွက်ခွာပြီး  လယောင်းခရိုင် ချမော်တောင်ပေါ် ရေဒါစခန်းအတွက် ပုံမှန် စားနပ်ရိက္ခာ ပို့ဆောင်ရန် အသွား ၁၄ နာရီမှာ အဆက်အသွယ် ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up