A d v e r t i s e m e n t With Us

အာဂျင်တီးနားကို အနိုင်ယူပြီး ချီလီ ကိုပါအမေရိကားဖလား ဗိုလ်စွဲ (ပယ်နယ်တီကန်သွင်းချက်ရုပ်သံ)

ကိုပါအမေရိကားဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ချီလီအသင်းက အာဂျင်တီးနားအသင်းကို အနိုင်ရပြီး ချန်ပီယံဖလားကို ကာကွယ်နိုင်လိုက်ပါတယ်။ ပထမပိုင်းမှာပဲ နှစ်သင်းစလုံးက တယောက်စီ အနီကတ်ထိပြီး တဘက် ၁၀ ဦးနဲ့ ကစားခဲ့ရတဲ့ပွဲလည်း ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၉၀ နဲ့ အချိန်ပို နာရီဝက်အထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ နောက်ဆုံး ပယ်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ချီလီက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ချီလီဘက်က ပထမဆုံးကန်တဲ့ ပယ်နယ်တီကို အာဂျင်တီးနားဂိုးသမား ကာကွယ်နိုင်ခဲ့သလို အာဂျင်တီးနားဘက်က ပထမဆုံး ပယ်နယ်တီကန်တဲ့ မက်ဆီရဲ့ကန်ချက်လည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။ အာဂျင်တီးနားဘက်က ကွင်းလယ်ကစားသမား ဘစ်ကလီးယားရဲ့ အလှည့်မှာလည်း ချီလီဂိုးသမားက ကာကွယ်နိုင်ခဲ့တာကြောင့် ချီလီက ထိုက်ထိုက်တန်တန် အနိုင်ရသွားတာ ဖြစ်ပါတယ်။ အာဂျင်တီးနားအတွက်ကတော့ ၁၉၉၃ ခုနှစ်နောက်ပိုင်း ကိုပါအမေရိကားဖလားကို ပြန်ရဖို့ နောက်ဆုံးအခွင့်အရေးကို လက်လွှတ်ခဲ့ရသလို တိုက်စစ်မှူး မက်ဆီအတွက်လည်း သူ့နိုင်ငံအသင်းနဲ့အတူ ဆုဖလားကြီးတခုကို အမိအရ ယူနိုင်တဲ့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up