A d v e r t i s e m e n t With Us

ချစ်သူ အမျိုးသားကို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့သည့် ရဲအရာရှိ (ရုပ်သံ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ရဲအရာရှိတဦးဟာ လိင်တူစုံမက်သူများရဲ့ ဂုဏ်သိက္ခာ စီတန်းလှည့်လည်ပွဲမှာ သူ့ချစ်သူ အမျိုးသားကို လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ ဂျိုနသန် ဆမ်မွန်စ်ဟာ ဇွန် ၂၅ ရက်နေ့က လန်ဒန်မှာ ကျင်းပတဲ့ပွဲကို ကြည့်နေတဲ့ လူအုပ်ထဲမှာ ရှိနေခဲ့တာပါ။ ရဲအရာရှိ ဆမ်မွန်စ်က သူ့အဖော်ကို ဒူးထောက်ပြီး တောင်းဆိုခဲ့ချိန်မှာ သူ့အဖော်က ရယ်မောရင်း လက်ခံခဲ့ပါတယ်။- ပွဲကြည့်ပရိသတ်ကလည်း သူတို့ကို ကောင်းချီးပေးခဲ့ကြပါတယ်။- သူငယ်ချင်းတွေက သူတို့ကို အီတာလျံ ဝိုင်ဖြူတခွက် လှမ်းပေးခဲ့ပေမယ့် ရဲအရာရှိက တာဝန်ချိန်မို့ ငြင်းဆိုခဲ့ပါတယ်။ လန်ဒန်မြို့တော်မှာ ပြုလုပ်တဲ့ ၄၃ ကြိမ်မြောက် စီတန်းလှည့်လည်ပွဲမှာ ရဲအရာရှိ အယောက် ၁၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဒီပွဲဟာ မိန်းမလျာ၊ ယောက်ျားလျာနဲ့ ကျားမ ၂ မျိုးလုံးကို စုံမက်သူတွေနဲ့ လိင်ခွဲစိတ် ပြုပြင်ထားသူတွေရဲ့ ဂုဏ်သိက္ခာအတွက် နှစ်စဉ် ကျင်းပနေကျ စီတန်းလှည့်လည်ပွဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up