ဝစ်လစ်စလစ်ဖြင့် တေလာဆွစ်ဖ်သရုပ်ဆောင်ထားသည့် ဗွီဒီယိုဖိုင် ထုတ်လွှင့်ခံရ (ရုပ်သံ)

အကွဲအပြဲဇာတ်လမ်းတွေဖြစ်ခဲ့တဲ့ တေလာဆွစ်ဖ်နဲ့ ကယ်ဗင်ဟာရစ်တို့ရဲ့ ဇာတ်လမ်း အေးစက်သွားခဲ့ချိန်မှာ နာမည်ကျော်ရက်ပ်အဆိုကျော် ကန်နေ၀က်စ်က တေလာဆွစ်ဖ်ရဲ့ ၀စ်လစ်စလစ် ဖယောင်းရုပ်တုနဲ့ အတူတကွသရုပ်ဆောင်ထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ထုတ်လွှင့်လိုက်ပါတယ်။ ဒီဗွီဒီယိုကို ကန်နေးဝက်စ်က လော့စ်အိန်ဂျလိစ်မှာရှိနေချိန် ထုတ်လွှင့်လိုက်တာဖြစ်ပြီး အွန်လိုင်းပေါ်မှာ တမဟုတ်ချင်း လူပြောများတဲ့ အကြောင်းအရာတခုဖြစ် သွားခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲက အိပ်ယာပေါ်မှာ ၀စ်လစ်စလစ်နဲ့ တေလာဆွစ်ဖ်နဲ့အတူ နာမည် ကျော်တွေဖြစ်တဲ့ ရီဟားနား၊ ရေးဂျေ၊ ဘီကော့စ်ဘီ၊ ကေတီလင်းဂျန်နာ၊ အမေရိကန် သမ္မတလောင်း အဖြစ်ရွေးချယ်ခံမယ့် ဒေါ်နယ်ထရန့် စတဲ့သူတွေပါ ပါဝင်နေတာပါ။ ဒါဟာ ဆိုးနေတဲ့ အခြေအနေကနေ အဆိုးဝါးဆုံးအခြေအနေတခုဆီရောက်သွား ခဲ့တာပါပဲ။ “ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ပြီးချိန်မှာ တေလာဟာ ဒေါသထွက်ခဲ့ပါတယ်။ သူ့ကို ကိုယ် ထိလက်ရောက် စော်ကားသလို ခံစားရတယ်” လို့သူနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက Hollywoodlife.com သတင်းကို ပြောပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကန်နေးဝက်စ်ကတော့ ဒါဟာ တကယ်ပဲ လား၊ အတုအယောင်ပဲလားဆိုတာ ဘာမှမပြောပဲ နှုတ်ဆိတ်နေခဲ့တာပါ။ ဒါဟာ တေလာဆွစ်ဖ်ကိုယ်တိုင်သရုပ်ဆောင်ထားတာမဟုတ်ပဲ အတုအယောင် ဗွီဒီယိုဖိုင်တခုဖြစ်တယ်လို့ ပြောရင်တောင် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာပါဝင်နေတဲ့ ကန်နေးဝက်စ်ရဲ့ သီချင်းစာသားတွေကြောင့် ဒွိဟဖြစ်ချင်စရာပါပဲ။ “ဒါဟာ သီချင်းဗွီဒီယိုဖိုင်ထဲမှာပါတဲ့သူတွေကို ထောက်ခံအားပေးတာ၊ ဒါမှမဟုတ် ဆန့်ကျင်တာတခုမှမဟုတ်ပါဘူး”လို့ ကန်နေးဝက်စ်က Vanity Fair မဂ္ဂဇင်းကို ပြော လိုက်တာပါ။ သူ့ရဲ့ ဇနီးဖြစ်သူ ကင်ကာဒက်ရှန်က ဒီရုပ်သံဗွီဒီယိုဖိုင်တင်ခဲ့ချိန်မှာ တွန်းအား ပေးချီးကျူးခဲ့တယ်လို့လည်း သူက ပြောပါတယ်။ “ဘယ်အမျိုးသမီးကမှ ခုလိုလုပ်တာကို ခွင့်ပြုပေးမှာမဟုတ်ပေမယ့် ကျနော့်အမျိုး သမီးကတော့ ခွင့်ပြုပေးခဲ့တယ်။ ကျနော်တို့ အိမ်ထောင်ရေးရဲ့ ပျော်ရွှင်ရတဲ့ အဓိက အ ကြောင်းရင်းတွေထဲက တခုပါပဲ။” ဒါပေမယ့် တေလာဆွစ်ဖ်ရဲ့ဘက်ကတော့ သူ့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြင်း ဆိုခဲ့တာပါ။ သူ့ရဲ့ မန်နေဂျာက “တေလာဆွစ်ဖ်အနေနဲ့ ကန်နေးဝက်စ်နဲ့ ပတ်သက်ပြီး ဖိအား ပေးခဲ့တာမျိုးတွေမရှိပဲ ကင်ကာဒက်ရှန်ကိုလည်း ဆန့်ကျင်တိုက်ခိုက်တာမျိုးတွေ မရှိခဲ့ဘူး”လို့ ပြောလိုက်တာပါ။ [caption id="attachment_156502" align="aligncenter" width="634"]ကန်နေးဝက်စ် နှင့် ဇနီးဖြစ်သူ ကန်နေးဝက်စ် နှင့် ဇနီးဖြစ်သူ[/caption] လက်ရှိမှာတော့ ကန်နေးဝက်စ်ဘက်က နောက်ထပ်ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တေလာဆွစ်ဖ်ဘက်က မှတ်ချက်တစုံတရာမပေးခဲ့ဘူးလို့ သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကတော့ ကန်နေးဝက်စ်ဟာ တွစ်တာလူမှုကွန်ရက်စာမျက်နှာ ပေါ်မှတဆင့် “တယောက်ယောက်များ ကျနော့်ကို တရားစွဲမလား။ ကျနော်စောင့်နေပါ တယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up