Home
မြန်မာသတင်း
မူးယစ်ဆေး အမှုပေါင်း ၅၀၆ မှု ဖမ်းဆီးနိုင်ခဲ့ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော
DVB
·
June 26, 2016
စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒီနှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၅၀၆ မှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ ၉၂၇ ဦးကို တရားစွဲနိုင်ခဲ့လို့ မနှစ်ကထက် ဖမ်းဆီးရမိမှု ပိုများလာတယ်လို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။ မုံရွာမြို့တော်ခန်းမမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ ၀န်ကြီးချုပ်က ပြောကြားသွားတာပါ။ အစိုးရသစ်ရဲ့ ပထမခြေလှမ်း ရက် ၁၀၀ စီမံချက်ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ စီမံချက်ကာလအတွင်း မူးယစ်ဆေးဝါးမှု ၁၉၇ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး  တရားခံ ၃၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ မူးယစ်ဆေးစွဲလူနာတွေအတွက် တိုင်းဒေသကြီးအတွင်း မက်သာဒုံးဆေးတိုက်ကျွေးရေးဌာနကို ၁၂ မြို့နယ်မှာ ၁၂ နေရာထိ ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် မဟာဗျုဟာ ၂ ရပ်၊ နည်းဗျုဟာ ၃ ရပ်ကို ချမှတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အခမ်းနားကို စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အပါဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာတွေ၊ တက္ကသိုလ်နဲ့ အခြေခံကျောင်းတွေက ကျောင်းသားကျောင်းသူတွေ၊ ဆရာ ဆရာမတွေနဲ့ မြို့မိမြို့ဖ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ သတင်း - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024