Live
Home
မြန်မာသတင်း
ကျပ်သိန်း ၄ သောင်းခန့် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
June 26, 2016
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့အနီးမှာ ကျပ်သိန်းပေါင်း ၄ သောင်းခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။ ဇွန် ၂၄ ရက် ည ၁၁ နာရီလောက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့အထွက် ၇ မိုင်ခန့်အကွာ၊ ရေယားကျေးရွာနဲ့ ရေယောင်း မကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီးမှာ မော်တော်ယာဉ်တွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့က ရှောင်တခင် စစ်ဆေးစဉ် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီညက တောင်ကြီးမြို့ဘက်မှ သာစည်မြို့ဘက်ကို မောင်းနှင်လာတဲ့ Toyota Ractis အမျိုးအစား မိုးပြာရောင်ကားပေါ်က ဖမ်းမိတာဖြစ်ပြီး ယာဉ်မောင်း နိုင်နိုင်ဝင်း၊ ကားပေါ်ပါလာတဲ့ မနေခြည်ဝင်း၊ ၀င်းထွဋ်အောင် တို့ကို တောင်ကြီးမြို့ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။ ကားနောက်ခန်းထဲထည့်ထားတဲ့ အ၀ါရောင်ဆာလာအိတ် ၅ အိတ်ထဲမှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်းဆေးပြား ၁၀ သိန်း၊ ကာလတန်ကြေး ကျပ်သိန်းပေါင်း လေးသောင်းခန့်ရှိတဲ့ ဆေးပြားတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းမိတဲ့ တရားခံတွေနဲ့ ဆက်စပ်တရားခံတွေကိုလည်း ရှာဖွေဖော်ထုတ်ဖမ်းဆီးရန် လုပ်ဆောင်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024