A d v e r t i s e m e n t With Us

အီးယူက ဗြိတိန်ခွဲထွက်မှု ပရီးမီးယားလိဂ် ဘောလုံးသမား အပြောင်းအရွှေ့ ထိခိုက်နိုင်

ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်က ခွဲထွက်မှုဟာ ပရီးမီးယားလိဂ် ဘောလုံးသမား အပြောင်းအရွှေ့ကို ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်ဘောလုံးသမား အဖွဲ့အစည်း (ပီအက်ဖ်အေ) က ပြောပါတယ်။ ဆန္ဒခံယူပွဲရလဒ်အရ ဗြိတိန်က အီးယူကနေ ခွဲထွက်သွားရင် ဥရောပတိုက်က ဘောလုံးသမားတွေ လွတ်လပ်စွာ ပြောင်းရွှေ့ခွင့်ဟာ ဗြိတိန်ရဲ့ တင်းကြပ်တဲ့ အလုပ်လုပ်ခွင့် ပါမစ်ကြောင့် အကန့်အသတ်တွေ ရှိလာနိုင်တယ်လို့ ပီအက်ဖ်အေ ဥက္ကဋ္ဌ ဂေါ်ဒွန်တေလာက ပြောပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ကစားသမား ရှာဖွေမှုကို ပိုမို တင်းကြပ်လာမလား ဒါမှမဟုတ် အင်္ဂလန်မှာ ကစားတဲ့ ဥရောပ ဘောလုံးကစားသမားတွေကို အတင်းအကြပ် ထွက်ခွာခွင့်ပြုမလားဆိုတဲ့ စိုးရွံ့မှုတွေနဲ့ ပတ်သက်ပြီး တည်ငြိမ်ကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။ ဥရောပကပဲဖြစ်ဖြစ်၊ ကမ္ဘာတ၀န်းကပဲဖြစ်ဖြစ် အင်္ဂလန်မှာလာရောက်ကစားတဲ့ ကစားသမားတွေကို ကာကွယ်သွားမယ်လို့လည်း တေလာက ပြောပါတယ်။ အင်္ဂလန်ကို လာရောက်ကစားတဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေကို မခေါ်ယူဖို့ အီးယူက ခွဲထွက်တာဟာ အကြောင်းပြချက်မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ ဥရောပ နိုင်ငံတွေက ကစားသမား ၄၃၂ ဦး အင်္ဂလန် ကလပ်အသင်းတွေမှာ ကစားခဲ့ပါတယ်။ ဥရောပ ချန်ပီယံပြိုင်ပွဲမှာ ပါဝင်တဲ့ ကစားသမား ၅၅၂ ဦးအနက် ၁၀၀ ဟာ ပရီးမီးယားလိဂ်က လာတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up