A d v e r t i s e m e n t With Us

အမေရိကန်တွင် မိခင်ဖြစ်သူက သမီးနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

မိခင်ဖြစ်သူ ခရစ္စတီး ရှိစ်က (အပေါ်)၊ မာဒီဆင် ရှိစ်နဲ့ တေလာ ရှိစ် (၀ဲမှယာ)
အမေရိကန် ပြည်ထောင်စု တက္ကဆတ်ပြည်နယ် ကတ္တီမြို့မှာ ဇွန် ၂၄ ရက်နေ့က မိခင်ဖြစ်သူက သမီးအရင်း ၂ ဥိးကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ နယ်မြေခံ ရဲအဖွဲ့က ပြောပါတယ်။ အသက် ၄၂  နှစ်အရွယ် ခရစ္စတီး ရှိစ်က အသက် ၁၇ အရွယ် တေလာ ရှိစ်နဲ့ ၂၂ နှစ်အရွယ် မာဒီဆင် ရှိစ်တို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားတဲ့အချိန်မှာ တဦးက သေဆုံးနေပြီး နောက်တဦးက ဆေးရုံပေါ်မှာ သေဆုံးသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ  ခင်ပွန်းကလည်း အိမ်မှာ ရှိနေပေမယ့် ဒဏ်ရာ မရခဲ့ဘူးလို့ စုံစမ်းရေးမှူးတွေက ဆိုပါတယ်။ နောက်တော့ သေနတ်နဲ့ပစ်တဲ့ မိခင်ဖြစ်သူကို နယ်ထိန်း ရဲအရာရှိက သေနတ်နဲ့ပစ်လို့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက ဆက်လက် စုံစမ်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up