Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း​ကို ပြန်စဉ်း​စား​ဖို့​ ​ဒေါက်တာ ဦး​မြင့်​ တိုက်တွန်း
နေသွင်
·
September 17, 2011
မြစ်ဆုံ​ရေကာတာစီမံကိန်း​ကို လွတ်လပ်တဲ့​စုံစမ်း​မှု​တွေလုပ်ပြီး​မှ ဆက်လုပ်သင့်​မသင့်​ စဉ်း​စား​သင့်​တယ်လို့​ သမ္မတ စီး​ပွား​ရေး​ အကြံ​ပေး​အဖွဲ့​ခေါင်း​ဆောင် ​ဒေါက်တာ ဦး​မြင့်​က တိုက်တွန်း​လိုက်ပါတယ်။ [caption id="attachment_15643" align="alignleft" width="310" caption="​ဒေါက်တာဦးမြင့်နှင့်​ ကချင်ခေါင်းဆောင်ဟိုဝါးဒူဝါ​ဇော်ဂမ်​ တွေ့ဆုံစဉ် "][/caption] "မြစ်ဆုံစီမံကိန်း​ကြောင့်​ ဖြစ်လာနိုင်တဲ့​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ သက်​ရောက်မှု​တွေကို ဘက်မလိုက်ဘဲ၊​ လွတ်လပ်တဲ့​ ​လေ့​လာသုံး​သပ်မှု​တွေ ပြုလုပ်သင်တယ်လို့​ ပညာရှင် တ​ယောက်အ​နေနဲ့​ ကျ​နော် အ​လေး​အနက်ခံယူပါတယ်" လို့​ ဒီဗွီဘီက လက်ခံရရှိတဲ့​ ဦး​မြင့်​ရဲ့​ စာမှာ ​ဖော်ပြထား​ပါတယ်။ လွန်ခဲ့​တဲ့​ တနှစ်​ကျော်က မြစ်ကြီး​နား​မြို့​မှာ သူကိုယ်တိုင်က ​လေး​စား​ရတဲ့​ ကချင်​ခေါင်း​ဆောင် ဟိုဝါး​ဒူဝါ​ဇော်ဂမ်နဲ့​ ​တွေ့​ဆုံစဉ်မှာ ဒူဝါကြီး​က မြစ်ဆုံ​ရေကာတာဟာ ချိန်ကိုက်ဗုံး​တလုံး​လို ဖြစ်​နေတယ်လို့​ ​ဆွေး​နွေး​ခဲ့​တာကို ဦး​မြင့်​ရဲ့​ မှတ်ချက်နဲ့​တကွ ပူး​တွဲ ​ဖော်ပြထား​ပါတယ်။ ပင်လုံစာချုပ်လက်မှတ်ထိုး​ဖို့​ကိစ္စမှာ ဦး​ဆောင်ခဲ့​တဲ့​ ကချင်​ခေါင်း​ဆောင် Howa Duwa M.Hkun Hpung ရဲ့​ သား​၊​ ကချင်​ခေါင်း​ဆောင်ဟိုဝါး​ဒူဝါ​ဇော်ဂမ်ရဲ့​ ​ဆွေး​နွေး​ချက်ဖြစ်တဲ့​ "ဒီ​ရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ်ထင်တယ်။ ပထမရည်ရွယ်ချက်က ​ရေအား​လျှပ် စစ်ရဖို့​၊​ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကိုကြိုး​ကိုင်ဖို့​၊​ လုံခြုံ​ရေး​ထိမ်း​ချုပ်ဖို့​ ​ရေကာတာကို ဗုံး​တလုံး​ထောင်ထား​သလို လုပ်ထား​တာ။ ဒါ​ကြောင့်​ ကိုယ့်​ပြည်သူ​တွေ​သေမှာကို ​ကြောက်တဲ့​ ​ခေါင်း​ဆောင်​တွေက သူတို့​(တရုတ်) ဘာပဲ​ပြော​ပြော နား​ထောင်ရ​တော့​မှာပဲ။ ကိုယ့်​ပြည်သူ​တွေ သန်း​ချီ​သေမယ့်​ကိစ္စ ဖြစ်သွား​ပြီ။ စဉ်း​စား​စရာ​တွေ တသီတတန်း​ကြီး​ ဖြစ်သွား​ပြီ။ ဒါ​ကြောင့်​ ​တော်​တော်​ကြောက်တယ်" ဆိုတာကိုလည်း​ ဦး​မြင့်​ရဲ့​ သ​ဘောထား​မှတ်ချက်နဲ့​တကွ စာထဲမှာ​ဖော်ပြထား​ပါတယ်။ ဦး​မြင့်​က မြစ်ဆုံ​ရေကာတာကိစ္စ အ​ရေး​တကြီး​ ​ဆွေး​နွေး​နေကြတဲ့​ အခုလိုအချိန်မှာ သူ့​အ​နေနဲ့​ ဒူဝါရဲ့​ ​ဆွေး​နွေး​ချက်နဲ့​ ခံစား​ချက်​တွေကို ပြည်တွင်း​ပြည်ပက မြန်မာ​တွေအား​လုံး​ကို မျှ​ဝေသင့်​တယ်လို့​ ယူဆလို့​ ပြန်လည် ​ဖော်ထုတ်ရတာဖြစ်တယ်လို့​လည်း​ ဆိုပါတယ်။ ဦး​မြင့်​က "မြစ်ဆုံစီမံကိန်း​ဟာ ဧရာဝတီမြစ်​ကြောင်း​တ​လျှောက်လုံး​မှာ အကျိုး​သက်​ရောက်မှု ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့်​ မဲ​ခေါင်မြစ်​ကော်မရှင် (Mekong River Commission) အဖွဲ့​လို ဂုဏ်သိက္ခာနှင့်​ ကျွမ်း​ကျင်မှုရှိတဲ့​ ​လေး​စား​လောက်တဲ့​ အဖွဲ့​ရဲ့​ စုံစမ်း​မှုမျိုး​လိုတယ်၊​ ဒီလိုစုံစမ်း​မှု​တွေလုပ်ပြီး​၊​ အဘက်ဘက်က စိုး​ရိမ်မှု​တွေကို ​သေချာသုံး​သပ်ပြီး​တော့​မှ စီမံကိန်း​ကို ဆက်လုပ်သင့်​မလုပ်သင့်​ စဉ်း​စား​သင့်​တယ်"လို့​ ပြန်လည်​ဆွေး​နွေး​ခဲ့​တယ်လို့​ ဆိုပါတယ်။ မဲ​ခေါင်မြစ်​ကော်မရှင်ကို ၁၉၉၅ ခုနှစ်တုန်း​က မြစ်​ခေါင်မြစ်ဝှမ်း​ဒေသက မြစ်​ကြောင်း​ထိန်း​သိမ်း​ရေး​ ​စောင့်​ရှောက်ဖို့​ ရည်ရွယ်ပြီး​၊​ က​မ္ဘောဒီယား​၊​ လာအို၊​ ထိုင်း​၊​ ဗီယက်နမ်တို့​နဲ့​ ဖွဲ့​စည်း​ထား​တဲ့​အဖွဲ့​ ဖြစ်ပါတယ်။ လွန်ခဲ့​တဲ့​တနှစ်​ကျော်က ဒူဝါ​ဇော်ဂမ်နဲ့​ ​ဆွေး​နွေး​ခဲ့​စဉ်က ယုံကြည်ချက်အတိုင်း​ပဲ အခုလည်း​ လက်ခံယုံကြည်တဲ့​အ​လျောက် သူ့​အမြင်နဲ့​ အကြံပြုချက်ကို သမ္မတရဲ့​ စီး​ပွား​ရေး​ အကြံ​ပေး​ခေါင်း​ဆောင် အ​နေနဲ့​ အစိုး​ရ အဆင့်​မြင့်​အရာရှိ​တွေကို တင်ပြထား​ပြီလို့​လည်း​ ဦး​မြင့်​က ဆိုပါတယ်။ မြစ်ဆုံ​ရေကာတာကို မ​ဆောက်ဘဲနဲ့​ မြစ်ညာပိုင်း​မှာ ​ရေကာတာငယ်​လေး​ ၂ ခု ​ဆောက်ပြီး​ တူညီတဲ့​ ​ရေအား​လျှပ်စစ် ထုတ်လုပ်နိုင်မယ်ဆိုရင် စီး​ပွား​ရေး​အကျိုး​ကျေး​ဇူး​က တူညီပြီး​​ စီး​ပွား​ရေး​၊​ လူမှု​ရေး​နဲ့​ နိုင်ငံ​ရေး​နယ်ပယ်နဲ့​ လူ​တွေရဲ့​ ခံစား​မှု​တွေကို ထိခိုက်မှု နည်း​ပါး​နိုင်လို့​ ဒီကိစ္စကို စဉ်း​စား​သင့်​တယ်လို့​ ဦး​မြင့်​က အကြံပြုထား​ပါတယ်။ ဧရာဝတီမြစ် ပျက်စီး​မှာကို စိုး​ရိမ်တဲ့​ ပညာရှင်​တွေနဲ့​ သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​ လှုပ်ရှား​သူ​တွေက ကန့်​ကွက်​နေကြ​ပေမယ့်​ အမှတ် ၁ လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ဌာန ဝန်ကြီး​ ဦး​ဇော်မင်း​က ဒီစီမံကိန်း​ကို ဘယ်လိုကန့်​ကွက်မှု​တွေပဲ ရှိရှိ မဖြစ်မ​နေ လုပ်မယ်လို့​ ​ပြောခဲ့​ပါတယ်။ ဒါ့​အပြင် စက်မှုဖွံ့​ဖြိုး​ရေး​ဝန်ကြီး​ဌာန ဝန်ကြီး​ ဒုတိယဗိုလ်ချုပ်ကြီး​သိန်း​ဌေး​ကလည်း​ မြစ်ဆုံစီမံကိန်း​က​နေ လျှပ်စစ်ဓာတ်အား​ ၁၈,၀၀၀ ထွက်ရှိမယ်၊​ မြစ်​ရေရဲ့​ ၇ ရာခိုင်နှုန်း​ကိုပဲ သုံး​မှာဖြစ်လို့​ စနစ်တကျတွက်ချက်ပြီး​မှ ​ဆောင်ရွက်တာလို့​ ကြာသပ​တေး​နေ့​က ပြည်သူ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ထပ်မံ ​ပြောကြား​သွား​ပါတယ်။ ဧရာဝတီမြစ်ဖျား​ မြစ်ဆုံစီမံကိန်း​ကို မြန်မာအစိုး​ရက တရုတ်အစိုး​ရရဲ့​ အကူအညီနဲ့​ လုပ်​နေတာဖြစ်ပြီး​ ဒီကထွက်တဲ့​ လျှပ်စစ်ဓာတ်အား​ ၉၀ ရာခိုင်နှုန်း​ကို တရုတ်နိုင်ငံကို ​ရောင်း​ချမှာ ဖြစ်ပါတယ်။ -------------------------------------------------------------------------------------------------------- (​ဒေါက်တာဦး​မြင့်​နှင့်​တွေ့​​ဆုံစဉ် ကချင်​ခေါင်း​ဆောင်ဟိုဝါး​ဒူဝါ​ဇော်ဂမ်၏ ​ဆွေး​နွေး​ချက်များ​)

နေ့​စွဲ - ၂၂ ရက် ဇူလိုင်လ ၂၀၁၀​ ခု

ကြာသပ​တေး​နေ့​​၊​​ နံနက်ပိုင်း​ ​​၉း​၁၅

Howa Duma Zau Gam ​နေအိမ်

မြစ်ကြီး​နား​မြို့​၊​​ ကချင်ပြည်နယ်

ပင်လုံစာချုပ်အတွက်ဦး​ဆောင်ခဲ့​သူ ကချင်​ခေါင်း​ဆောင် Howa Duwa M.Hkun Hpung ၏ သား​၊​ ကချင်​ခေါင်း​ဆောင်ဟိုဝါး​ဒူဝါ​ဇော်ဂမ် နှင့်​ ဆရာဦး​မြင့်​တို့​တွေ့​ဆုံစဉ်က မြစ်ဆုံ​ရေကာတာ စီမံကိန်း​နှင့်​ ပတ်သက်၍ Duwa Zau Gam ၏အမြင်နှင့်​ ​ပြောဆိုချက်။ ၁၉၈၇ တုန်း​ကအလုပ်လုပ်​နေတုန်း​ညဖက်မှာအသံ​တွေကြား​တော့​ ဘာမှန်း​လဲမသိ ထွက် ​ပြေး​မယ်လုပ်ပြီး​အပြင်ကိုကြည့်​လိုက်​တော့​မှ ​ရေ​တွေနဲ့​ အတူတူ ​ညောင်ပင်ကြီး​တွေ သစ်ပင်ကြီး​တွေ ​မျှော်ပါလာတာ​တွေ့​ရတယ်။ နား​လုံလယ် တပြင်လုံး​လည်း​၊​ သဲကန္တာရလို သဲ​တွေဖုံး​ကျန်ခဲ့​ပြီး​တော့​ ​တော်​တော်နဲ့​ ပြန်ပြီး​စိုက်ပျိုး​စား​လို့​ မရ​တော့​ဘူး​။ ဗန်း​မော်၊​ စိန်လုံဖက်မှာလည်း​ ​တောင်ကြီး​တွေ ​မြေပြိုကျပြီး​ ​ရေ​တွေသစ်ပင်​တွေ ​မျှောပါလာတာ ကြုံ​တွေ့​ဖူး​တယ်။ “​မော်ရို” ဆိုတာ ကချင်စကား​ ၊​ ​တောင်​တွေကွဲပြီး​ပြိုကျတာကို​ပြောတာ။ ၂၀၀၄ ခုနှစ် ​ရေကြီး​တုန်း​ကလဲ “ကျိန်ခရမ်” ​ရေအား​လျှပ်စစ်မှ ​ခြောက်​နေရာ​တောင် ​တောင်ကွဲပြီး​ပြိုကျတာ ​ရေတံခွန်လိုပဲ ​ရေလုံး​ကြီး​တွေ​တောင်​ပေါ်က “ဝုန်း​”ကနဲ ပြိုကျတာ၊​ သစ်ပင်ကြီး​တွေပါ ပါလာတယ်။ ဘာမှလုပ်ချိန် မရလိုက်ဘူး​။ မကြာခင်မှာပဲ “တန်ဖရဲ” ​ချောင်း​ဘေး​နား​က အိမ်​တွေ အကုန်​ရေထဲ​မျောပါသွား​ပြီ။ ဒါ​တွေကိုမြင်ဖူး​၊​ ကြုံဖူး​တော့​ ဘဝမှာဒါ​တွေဟာ မီး​မောင်း​ထိုး​ပြသလို၊​ ​ကြောက်စိတ်​တွေ၊​ ဒဏ်ရာ​တွေအဖြစ် ကျန်ခဲ့​တယ်။ ညကိုး​နာရီ​ကျော်​ကျော်မှာ “ဘူဒိုဇာ” နဲ့​ ထိုး​ချလိုက်သလိုပဲ၊​ အသံအကျယ်ကြီး​တွေ ကြား​ရပြီး​ ဟိုဖက်နား​က ကပ်ပြီး​ ​ကျော်သွား​တယ်။ ငလျင်လှုပ်သလိုပဲ ခံစား​ရတယ်။ ကမ္ဘာကြီး​ ပျက်သွား​တဲ့​ အတိုင်း​ပဲ၊​ အဲဒီတုန်း​ကမြင်ကွင်း​နဲ့​ ခံစား​ချက်​တွေဟာ ခုထက်ထိ စိတ်ထဲမှာ ဒဏ်ရာ ဖြစ်​နေတယ်။ ​ရေဟာ​ခြေသလုံး​လောက်ပဲ၊​ ဒါ​ပေမယ့်​ ရပ်လို့​လုံး​ဝမရဘူး​။ရေစီး​က တအား​မြန်တယ်။ ရိုး​ရိုး​ရေကြီး​ရင် ​ပြေး​ချိန်ရတယ်။ တာတမံကျိုး​ကျရင် ​ပြေး​ချိန်မရဘူး​။ ဘဝမှာကြုံဖူး​တော့​ ဒါ​တွေကို​တွေး​ရင်​တောင် ​ကြောက်တယ်။ ဒီတမံကြီး​ မကျိုး​ဘူး​လို့​ ဘယ်သူက အာမခံနိုင်မှာလဲ? တရုပ်​ခေါင်း​ဆောင်​တွေလား​? ဗမာ​ခေါင်း​ဆောင်​တွေလား​? ​နေရာတိုင်း​၊​ အလုပ်တိုင်း​မှာ အကျိုး​နဲ့​အပြစ် ဆိုတာ ရှိပါတယ်။ ဆိုး​ကျိုး​၊​ကောင်း​ကျိုး​တွေ​ပေါ့​။ ဒီ​ရေကာတာလုပ်လို့​ရတဲ့​ ​ကောင်း​ကျိုး​က “လျှပ်စစ်” ဘယ်သူရမှာလဲ? သူတို့​ယူသွား​မှာ၊​ ဆိုး​ကျိုး​ ဖြစ်လာရင် ဘယ်သူ​တွေ​ ခံရမှာလဲ? ငွေရှိလို့​ ပြန်လည်ထူ​ထောင်နိုင်တယ်ဆိုရင်​တောင် အိုး​အိမ်​တွေပဲ ပြန်​ဆောက်လို့​ရမယ်။ စိတ်မှာဖြစ်သွား​တဲ့​ စိတ်ဒုက္ခ၊​ စိတ်ဒဏ်ရာ​တွေက ​တော်​တော်နဲ့​ ပြန်ထူ​ထောင်ဖို့​ မလွယ်ဘူး​။ သူတို့​တိုင်း​ပြည်မှာ ဒါ​တွေကြုံပြီး​ပြီ၊​ သင်ခန်း​စာ​တွေ တပုံကြီး​နဲ့​၊​ စိတ်ဓာတ်ကျ၊​ ​ကြောက်စိတ်ဝင်သွား​တဲ့​ လူ​တွေရဲ့​ ကျဆင်း​သွား​တဲ့​ စိတ်ဓာတ်ခွန်အား​၊​ လုပ်အား​ အား​လုံး​ဟာ တိုင်း​ပြည်နဲ့​ချီပြီး​ နစ်နာတယ်။ ဆိုတော့​က.........နိုင်ငံ​တော်ကရမယ့်​ ဝင်​ငွေမှာ ဒီလိုမျိုး​ လူမှု​ရေး​နစ်နာနိုင်တာ​တွေကို ကာဗာဖြစ်ဖို့​ ထည့်​စဉ်း​စား​ထား​သလား​? ဒီလိုမဖြစ်​စေရပါဘူး​လို့​ ဘယ်သူက အာမခံနိုင်သလဲ၊​ ကိုယ့်​အတွက် ​ကောင်း​ကျိုး​က အလွန်ပြီး​ ဆိုး​ကျိုး​များ​နေတဲ့​ ကိစ္စကို ဗမာ၊​ ရှမ်း​၊​ ကချင်၊​ ကရင်.... အား​လုံး​ ဝိုင်း​ကန့်​ကွက်ဖို့​လိုတယ်။ ဒီက​နေဆီး​ပြီး​ ​ရေကာတာ ပိတ်လိုက်ရင် ​တော​တောင်​တွေထဲက သယ်​ဆောင်လာတဲ့​ ​မြေဩဇာ​တွေ အား​လုံး​ ဒီ​ရေကာတာထဲမှာ ကျန်ခဲ့​မယ်။ ​အောက်ပိုင်း​ကလူ​တွေ စိုက်ပျိုး​ရေး​ စိုက်စား​၊​ ပျိုး​စား​လို့​ကောင်း​မှာ မဟုတ်တော့ဘူး​။ ဟိုး​အောက်ဆုံး​ပိုင်း​က ဧရာဝတီအထိပဲ၊​ တတိုင်း​ပြည်လုံး​ ဒုက္ခ​ရောက်မယ့်​ကိစ္စ အား​လုံး​နဲ့​​ ဆိုင်တယ်။ တရုတ်စကား​ပုံရှိတယ် “​သေဖို့​မ​ကြောက်ဘူး​၊​ ငတ်ဖို့​(မစား​ရမှာ)ပဲ​ကြောက်တယ်။” အသက်ရှင် ​နေစဉ် ​ကောင်း​ကောင်း​စား​၊​ ဝဝစား​နေချင်တဲ့​စိတ်ဓာတ်၊​ ​နောင်အတွက် မစဉ်း​စား​ဘူး​။ ညီအကို သား​အဖစိတ်​တောင် မထား​ကြဘူး​။ ​တော်​တော်​ကြောက်ဖို့​ ​ကောင်း​တယ်။ ဒီ​ရေကာတာကိစ္စက ရည်ရွယ်ချက်နှစ်ခုရှိတယ် ထင်တယ်။ ပထမရည်ရွယ်ချက်က ​ရေအား​လျှပ်စစ်ရဖို့​၊​ ဒုတိယရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုး​ကိုင်ဖို့​၊​ လုံခြုံ​ရေး​ထိမ်း​ချုပ်ဖို့​ ​ရေကာတာကို ဗုံး​တလုံး​ထောင်ထား​သလို လုပ်ထား​တာ။ ဒါ​ကြောင့်​ ကိုယ့်​ပြည်သူ​တွေ​သေမှာကို ​ကြောက်တဲ့​ခေါင်း​ဆောင်​တွေက သူတို့​(တရုတ်)ဘာပဲ​ပြော​ပြော နား​ထောင်ရ​တော့​မှာပဲ။ ကိုယ့်​ပြည်သူ​တွေ သန်း​ချီ​သေမယ့်​ ကိစ္စဖြစ်သွား​ပြီ။ စဉ်း​စား​စရာ​တွေ တသီတတန်း​ကြီး​ ဖြစ်သွား​ပြီ။ ဒါ​ကြောင့်​ ​တော်​တော်​ကြောက်တယ်။ ငါတို့​အကျိုး​က နည်း​ပြီး​၊​ သူတို့​အကျိုး​က များ​နေတယ်။ ဒါ​ကြောင့်​လည်း​ လက်မှတ်ထိုး​ အကြုံပြုခဲ့​တယ်။ အရင်ဆုံး​ လက်မှတ်ထိုး​ခဲ့​တယ်။ ​ခေါ်ခဲ့​ရင်လဲ​ပြောစရာ အများ​ကြီး​ရှိပါတယ်။ တတိုင်း​ပြည်လုံး​နဲ့​ဆိုင်တဲ့​ကိစ္စပါ။ အား​လုံး​ဝိုင်း​ဝန်း​တိုင်ပင် စဉ်း​စား​ဆုံး​ဖြတ်ကြပါ။ ခရစ်ယာန် သမ္မာကျမ်း​စာထဲမှာ ​ရေး​ထား​တာရှိတယ်။ “တိုင်ပင်ခြင်း​မရှိတဲ့​ အလုပ်(စီမံကိန်း​)ဟာ ပျက်စီး​ တတ်တယ်။” များ​များ​တိုင်ပင်ရင် ​အောင်မြင်နိုင်တယ်။ အား​လုံး​ ဝိုင်း​ဝန်း​တိုင်ပင်​ဆွေး​နွေး​နိုင်မှ အကျိုး​များ​များ​ ရနိုင်တယ်။ ဒါ​တွေအား​လုံး​ သူတို့​ကို သိ​စေချင်တယ်။ သဘာဝ​ဘေး​ဒဏ် (ဆည်ကျိုး​ပေါက်မယ့်​ကိစ္စ၊​ ​ရေများ​လာလို့​၊​ ငလျှင်လှုပ်လို့​......အခြား​...) သဘာဝ​ဘေး​ဒဏ်ဆိုတာ *​ မဖြစ်နိုင်ဘူး​လို့​ပြောလို့​ မရဘူး *​ ကြိုပြီး​တား​ထား​လို့​ မရဘူး *​ ဖြစ်ရင်လဲတား​ဆီး​လို့​ မရ *​ ဘယ်​လောက် အတိုင်း​အတာထိလဲဆိုတာ တွက်ချက်လို့​ မရ ဒါ​ကြောင့်​မို့​ ဒီလုပ်ငန်း​(Project)ကို အသက်နဲ့​လဲပြီး​ စီး​ပွား​ရှာဖို့​ အ​ရေး​တကြီး​ လိုမယ်လို့​ မထင်ဘူး။ လက်ရှိ တိုင်း​ပြည်အစိုး​ရအ​နေနဲ့​ အဖက်ဖက်မှာ ဖွံ့​ဖြိုး​တိုး​တက်​အောင် လုပ်​နေတာ ​ကောင်း​ပါတယ်။ ဒါ​ပေမယ့်​ ဒီ​ရေကာတာ​ကြောင့်​ ​နေ့​စဉ်စား​မဝင် အိပ်မ​ပျော်ဘဲ အသက်ရှင်​နေရတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024