A d v e r t i s e m e n t With Us

ဘရာဇီး အိုလံပစ်မီးရှူးတိုင် အမေဇုန်ဒေသ ရောက်ရှိ

အိုလံပစ် မီးရှူးတိုင်ဟာ ဘရာဇီးနိုင်ငံတ၀ှမ်း လှည့်လည်နေရာမှာ ဒီတပတ်မှာတော့ အမေဇုန် ဒေသထဲမှာ ရောက်နေပြီး ဒေသခံ ဌာနေ တိုင်းရင်းသားတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ မီးရှူးတိုင်ဟာ နိုင်ငံတ၀ှမ်းက မြို့ပေါင်း ၃၃၅ မြို့မှာ လူပေါင်း တသောင်းနှစ်ထောင်က လက်ဆင့်ကမ်း သယ်ဆောင်မှာ ဖြစ်ပါတယ်။ အမေဇုန် မြစ်ကြောင်းတလျောက် စုန်ဆင်းလာတဲ့ အိုလံပစ် မီးရှူးတိုင်ကို ဌာနေ တိုင်းရင်းသားတွေက ရိုးရာ အကတွေနဲ့ ကြိုဆိုပါတယ်။ အဲဒီနောက် အေကရီပြည်နယ်ရဲ့ မြို့တော် ရီယိုဘရန်ကိုမြို့မှာ ခရီးတထောက်နားပါတယ်။ သြဂုတ်လ ၅ ရက်နေ့ ရီယိုမြို့မှာ အိုလံပစ် ဖွင့်ပွဲ အခမ်းအနား မတိုင်ခင်ထိ ဘရာဇီး နိုင်ငံအနှံ့  ၁၂၄၃၇  မိုင်မှာ လှည့်လည်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up