လိင်ကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံမှုမလုပ်ရန် ဖိလစ်ပိုင်လိင်တူချစ်သူများ ချီတက်တောင်းဆို

758
ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ လိင်တူချင်း စိတ်ဝင်စားသူတွေနဲ့ လိင်ပြောင်းလဲထားသူတွေဟာ ဂုဏ်ယူလမ်းလျှောက်ပွဲတခုကို ဇွန် ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
လိင်ကွဲပြားမှုအပေါ် အခြေခံပြီး ခွဲခြား ဆက်ဆံတာတွေ၊ အကြမ်းဖက်တာတွေကို မလုပ်ဖို့ တောင်းဆိုတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး ချီတက်ကြပါတယ်။
ဒီလို ဂုဏ်ယူ လမ်းလျှောက်တဲ့ အစီအစဉ်ကို နှစ်စဉ် မနီလာမှာ ပြုလုပ်ခဲ့ပြီး ဒီနှစ်ကတော့ ဇွန်လ ၁၂ ရက်နေ့က အော်လံဒိုမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ လိင်တူချင်း စိတ်ဝင်စားသူတွေနဲ့ အသားတည်းရှိတယ်ဆိုတာကို ပြသဖို့ ရည်ရွယ်တယ်လို့ လမ်းလျှောက်ချီတက်သူ တဦးက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ ၄၉ ဦး သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားကို ရဲက အသေပစ်သတ်နိုင်ခဲ့ပါတယ်။
အဲဒီ အဖြစ်အပျက်ဟာ အမေရိကန် မျက်မှောက်သမိုင်းမှာ အဆိုးရွားဆုံး သေနတ် ပစ်ခတ်မှုလည်း ဖြစ်ခဲ့ပါတယ်။