အီးယူမှ ဗြိတိန်ခွဲထွက်မည့်ကိစ္စ အမြန်ညှိနှိုင်းရန် တောင်းဆို

705
ဥရောပသမဂ္ဂကို စတင် ထူထောင်ခဲ့တဲ့ ၆ နို်င်ငံက ဗြိတိန်ကို အီးယူကနေ ခွဲထွက်မယ့် ကိစ္စကို အလျင်အမြန် ညှိနှိုင်းဖို့ ဇွန်း ၂၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
ဘာလင်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဂျာမနီ နိုင်ငံခြားရေး ၀န်ကြီး စတိန်း မိုင်ယာက ညှိနှိုင်းမှု လုပ်ငန်းစဉ်ကို အစောဆုံး စတင်နိုင်မှပဲ အီးယူက တခြား လုပ်ဆောင်စရာ ကိစ္စတွေကို ဆက်လုပ်နိုင်မယ်လို့ ပြောပါတယ်။
အီးယူဟာ ကမ္ဘာမှာ အကြီးဆုံး ကုန်သွယ်ရေး သမဂ္ဂဖြစ်ပြီး ဗြိတိန်က ခွဲထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စတင်ခဲ့တဲ့ ဥရောပနိုင်ငံတွေ ညီညွတ်ရေး ရည်မှန်းချက်မှာ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
အီးယူဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း အမှတ် ၅၀- မှာ ခွဲထွက်ခွင့်ကို ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဗြိတိန်ဘက်က ဒီပြဋ္ဌာန်းချက်အတိုင်း တောင်းဆိုလာတဲ့အထိ အီးယူဘက်က စောင့်ရမယ့် သဘောရှိတယ်လို့ လူဇင်ဘက် နိုင်ငံခြားရေးဝန်ကြီး ယန် အက်ဆယ်ဘွန်း Jean Asselborn က ပြောပါတယ်။
ဇွန် ၂၄ ရက်နေ့က ဗြိတိန်မှာ ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ အီးယူနဲ့ ခွဲရေးဘက်က အနိုင်ရခဲ့ပြီး ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နုတ်ထွက်တဲ့အထိ ဖြစ်ခဲ့ပြီး ကမ္ဘာ့စတော့ ရှယ်ယာဈေးကွက်တွေလည်း ဂယက်ရိုက်ခဲ့ပါတယ်။
အောက်တိုဘာလအထိကတော့ ဒေးဗစ်ကင်မရွန်းကပဲ ကြားဖြတ် ၀န်ကြီးချုပ်အနေနဲ့ ဆက်ရှိနေမှာ ဖြစ်ပြီး ကြားကာလမှာ ကွန်ဆာဗေးတစ်ပါတီက ခေါင်းဆောင်သစ်ကို ရွေးချယ်မှာ ဖြစ်ပါတယ်။
လစ္စဘွန်း သဘောတူညီချက်အရ ခွဲထွက်ရေး လုပ်ငန်းစဉ်ကို ၂ နှစ် အချိန်ပေးထားပါတယ်။