A d v e r t i s e m e n t With Us

ပေါ်တူဂီ၊ ဝေးလ်နှင့် ပိုလန်အသင်းတို့ ကွာတားဖိုင်နယ်တက်ရောက် (ရုပ်သံဟိုက်လိုက်)

ဇွန် ၂၅ ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို ၂၀၁၆ ရှုံးထွက်ပွဲစဉ်တွေမှာ ပိုလန်၊ ဝေးလ်နဲ့ ပေါ်တူဂီတို့ အသီးသီးအနိုင်ရရှိခဲ့ကြပါတယ်။ ပိုလန်က ဆွစ်ဇာလန် အသင်းကို ပင်နယ်တီမှာ အနိုင်ရပြီး ကွာတားအဆင့်ကို တက်သွားပါပြီ။ ပိုလန်က ၃၉ မိနစ်မှာ ဦးဆောင် ဂိုးသွင်းပြီး ပထမပိုင်း ပြီးတဲ့အထိ ဆွစ်ဇလန်ဘက်က ချေပဂိုး မသွင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့  ဆွစ်ဇာလန်ဘက်က အသာစီး ပိုရခဲ့ပြီး ၈၂ မိနစ်မှာ ဆွစ်ဇလန် တိုက်စစ်မှူး  ရှာကီရီက ပင်နယ်တီ စည်းထိပ်ကနေ လှလှပပ တဂိုးသွင်းပေးခဲ့ပါတယ်။ နောက်ထပ် တဖက်နဲ့ တဖက် ဂိုးမသွင်းတော့ဘဲ၊ နောက်ဆုံး အချိန်ပိုအထိ ၁ ဂိုးစီ သရေကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ပိုလန်က ၅ ဂိုး၊ ၄ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ပေါ်တူဂီနဲ့ ခရိုအေးရှားတို့ ပွဲမှာတော့ မိနစ် ၉၀ အထိ ဂိုးမရှိ သရေကျခဲ့ပြီး အချိန်ပိုမှာ ရော်နယ်ဒိုကန်သွင်းတဲ့ ဘောလုံး ဂိုးသမားနဲ့ထိပြီးထွက်လာတာကို ရီကာဒို ကာရက်စ်မာ  ခေါင်းတိုက်သွင်းယူခဲ့လို့ ပေါ်တူဂီက အနိုင်ရရှိသွားပါတယ်။ ဝေးလ်အသင်းကတော့ မြောက်အိုင်ယာလန်အသင်းကို ၁ ဂိုး၊ ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မြောက်အိုင်ယာလန်ဘက်က McAuley က ၁၅ မိနစ်မှာ ကိုယ့်ဂိုး ကိုယ်သွင်းမိခဲ့လို့ ဝေးလ်အသင်းအတွက် ကံကောင်းသွားတယ်လို့ ဆိုရမှာပါ။ ပထမပိုင်းမှာ အိုင်ယာလန်တိုက်စစ်မှူး Dallas  က အပိုင် ဂိုးသွင်းခွင့်ရခဲ့ပေမယ့် ချေပဂိုး မရခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up