Home
အနုပညာ
မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ခွင့် ဆွေးနွေးပွဲ ပြုလုပ်
DVB
·
June 25, 2016
မြန်မာ့တေးသီချင်းမူပိုင်ခွင့်နဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတရပ်ကို ရန်ကုန်ပြည်လမ်းရှိ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား စည်းဝေးခန်းမမှာ ကျင်းပခဲ့ကြပါတယ်။ ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့်နဲ့ တေးရေးဆရာတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဂီတအစည်းအရုံးက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များအသင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံ တေးသီချင်းမှုပိုင်ရှင်များအသင်းက နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေနဲ့အညီ အဖွဲ့ဝင်တွေရဲ့ မူပိုင်ခွင့်အခွင့်အရေးတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်း ကာကွယ်စောင့်ရှောက်ဖို့၊ မူပိုင်ခွင့်နဲ့စပ်လျဉ်းပြီး အဖွဲ့အစည်းအကျိုးသာမက မူပိုင်ခွင့်နဲ့ ဆက်နွှယ်တဲ့ ဂီတလောကသားတွေရဲ့ ကောင်းကျိုးအတွက် ရှေးရှုဆောင်ရွက်သွားဖို့ စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။ သတင်းဓာတ်ပုံ - သူသူအောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024