ထားဝယ်တွင် လေယာဉ် ၂ စီး တိုက်မှုဖြစ်ပွား
DVB
·
June 25, 2016
ဇွန် ၂၅ ရက် နေ့လယ်ပိုင်းက ထားဝယ်လေဆိပ်မှာ လေယာဉ် ၂ စီး တောင်ပံခြင်း တိုက်မိသွားတယ်လို့ ထားဝယ်လေဆိပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
မြန်မာ့လေကြောင်းက လေယာဉ်နဲ့ မန်းရတနာပုံ လေယာဉ်တို့ လေယာဉ်ရပ်ထားတဲ့နေရာမှာ မတော်တဆ တောင်ပံခြင်း ညှိသွားတာလို့ ဆိုပါတယ်။
“လေယာဉ်ဆိုတော့ ပုံမှန်ကားတွေလိုတော့ မဟုတ်ဘူးပေါ့။ ထိသွားရင်တော့ ချက်ချင်းပျံ တက်လို့မရတော့ဘူးပေါ့။ အထိအခိုက်ကတော့ ကြီးတယ်သေးတယ်ဆိုတာထက် ချက်ချင်းတော့ ပျံတက်လို့တော့မရဘူးပေါ့ဗျာ။ ထိတာတော့ ထိသွားတယ်ပေါ့။”
တဦးတယောက်မှ ထိခိုက်ဒဏ်ရာရတာမရှိသလို လေယာဉ်တွေကို ပြင်ဆင်ဖို့အတွက် ရန်ကုန်က အင်ဂျင်နီယာတွေလိုက်လာနေပြီ ဖြစ်သလို ခရီးစဉ်တွေ ရွှေ့ဆိုင်းမှု ရှိမရှိ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
သက်ဆိုင်ရာ လေကြောင်း အာဏာပိုင်အဖွဲ့အစည်းနဲ့ ၀န်ကြီးဌာနတွေက လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ - Dr. Win Htei