A d v e r t i s e m e n t With Us

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ဇနီးနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ဇနီး နရာပေါင် ချာအိုချာနဲ့အတူ  နခွမ်းပထုမ် ခရိုင်ရှိ ဘန့်ဟိုးအောင် စံပြကျေးရွာကို သွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့  နရာပေါင် ချာအိုချာတို့ အတူရှိနေတဲ့ဓာတ်ပုံတွေကို ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းစာက Wassana Nanuamက မှတ်တမ်းတင်ထားပါတယ်။ ပရာယွတ်ရဲ့ ဇနီး နာရာပေါင်ဟာ ချူလာလောင်ကွန် တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ အင်စတီကျူက လက်ထောက် ပါမောက္ခဟောင်းတဦး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ပရာယွတ်က စစ်တပ်အကြီးအကဲ အဖြစ်ရွေးချယ်ခံရတဲ့ အချိန်ကတည်းက စစ်တပ် အိမ်ထောင်ရှင်များအဖွဲ့မှာ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပါတယ်။ ဒါ့အပြင် အဝေးသင်အဖွဲ့အစည်းတခုမှာပါဝင်ခဲ့ပြီး ရုပ်သံကနေတဆင့် အင်္ဂလိပ်ဘာသာကို သင်ကြား ပို့ချပေးခဲ့ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up