အင်္ဂလန် ရှုံးမည်ဟု ဆင်မလေး ဇယ်လာ ခန့်မှန်း (ရုပ်သံ)

1.6K
ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ဇွန် ၂၈ ရက်နေ့ယှဉ်ပြိုင်ကစားမယ့် ရှုံးထွက်အဆင့်မှာ အင်္ဂလန်အသင်းဟာ အိုက်စ်လန်ကို ရှုံးနိမ့်မယ်လို့ ဆင်မလေး ဇယ်လာက ခန့်မှန်းလိုက်ပါတယ်။
ဒီပွဲစဉ်နဲ့ ပက်သက်လို့ ဂျာမနီနိုင်ငံ စတူဂတ်မှာရှိတဲ့ ဆင်စခန်းက ဆင်မလေးက ခန့်မှန်းလိုက်တာပါ။ ခြင်းထဲမှာ ထည့်ထားတဲ့ အသင်း ၂ သင်းရဲ့ အလံတွေပါတဲ့ ဘောလုံး ၂ လုံးထဲကနေ တလုံးကို ဇယ်လာက ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ အရွေးချယ်ခံရတဲ့အသင်းက အနိုင်ရမယ်ဆိုပြီး ခန့်မှန်းတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဇွန် ၂၆ ရက်နေ့ညယှဉ်ပြိုင်မယ့် ရှုံးထွက်ပွဲစဉ်တခုမှာတော့ ဂျာမနီအသင်းက စလိုဗက်ကီးယားအသင်းကို အနိုင်ရလိမ့်မယ်လို့ ဆင်မလေး ဇယ်လာက ခန့်မှန်းလိုက်ပါတယ်။
နောက်ထပ် ရှုံးထွက်ပွဲစဉ် တခုဖြစ်တဲ့ ပြင်သစ်နဲ့ အိုင်ယာလန် ပွဲမှာတော့ ဆင်မလေး ဇယ်လာက ပြင်သစ် အနိုင်ရမယ်လို့ ခန့်မှန်း လိုက်ပါတယ်။