ရက်စက်တဲ့ ခွေးသားစားပွဲတော်မှ ခွေး ၁၀၀၀ ကို ကယ်တယ်နိုင် (ရုပ်သံ)
အမေရိကန် ပြည်ထောင်စုက တိရစ္ဆာန် ကာကွယ်ရေးအဖွဲ့တဖွဲ့ဟာ တရုတ်လူမျိုးတွေရဲ့  ရိုးရာခွေးသားစားပွဲတော်မှာ သတ်စားခံရမယ့်ကိန်းနဲ့ ကြုံနေတဲ့ ခွေးအကောင် ၁၀၀၀ ကို ကယ်တင်နိုင်ခဲပါတယ်။
ခွေးသတ်ရုံ လေးခုက ခွေးကောင်ရေ ၁၀၀၀ ကို ၀ယ်ယူပြီး လွှတ်ပေးခဲ့တယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ်အခြေစိုက် Animal Wellness and Hope Foundation အဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းက ယူလင်းမြို့မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ရက်စက်တဲ့ပွဲတော်လို့ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက ခေါ်ဆိုကြတဲ့ ခွေးသားစား ပွဲတော်မှာ ခွေးကောင်ရေ ၁ သောင်းကနေ ၁ သောင်းခွဲအထိ သတ်စားခံရပါတယ်။
တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအဖွဲ့တွေက ကန့်ကွက်ဝေဖန်နေတဲ့ ကြားက ယူလင်းမြို့မှာ ခွေးသားစားပွဲတော်ကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာ စတင်ခဲ့ပါတယ်။
ပြည်နယ်အစိုးရ ကိုယ်တိုင်ကတော့ ဒီပွဲတော်နဲ့ ခပ်ကင်းကင်းနေပြီး၊ ထောက်ခံမှု မပြသလို၊ ကန့်ကွက်တာလည်း မရှိပါဘူး။
ခွေးသားဟာ တရုတ်နိုင်ငံ တောင်ပိုင်းမှာ စားနေကျ အသားတမျိုး ဖြစ်ပြီး၊ ခွေးသားစားရင် နွေရာသီမှာ အပူဒဏ်ခံနိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။