ဓားသွားပေါ် လမ်းလျှောက် ကင်းမြီးကောက်ထောင်ပြသည့် တရုတ် စတန့်သမား (ရုပ်သံ)

တရုတ်နိုင်ငံမှာ စတန့်သမားတဦးက ၁၂ မီတာ ရှည်တဲ့ ဓားသွားပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်ပြီး စတန့်ပြသခဲ့ပါတယ်။ ဒီလိုလုပ်ပြတဲ့ စတန့်ဟာ တရုတ်က မြောင် တိုင်းရင်းသားတွေရဲ့ ပြိုင်ဖက်ကင်းတဲ့ အရည် အသွေးတခုလည်း ဖြစ်ပါတယ်။ ဇွန် ၂၄ ရက်နေ့ ယူကျု့မှာတင်ထားတဲ့ ရုပ်သံမှာတော့ စတန့်သမားဟာ ဓားသွားပေါ် လမ်းလျှောက်ရုံတင်မကဘဲ ကင်းမြီးကောက်ပါထောင်ပြခဲ့ပါတယ်။ ဒီနောက်ဒီဓားသွားဟာ ဘယ်လောက်အထိ ထက်သလဲဆိုတာကို ချည်စကို ဓားသွားပေါ်တင်ပြီး ဖြတ်ပြလိုက်ပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း တရုတ်နိုင်ငံ နန့်ဂျင်းမှာ  အသက် ၄၈ နှစ် စတန့်သမားတဦးက အလားတူ ဓားသွားပေါ်မှာ လမ်းလျှောက်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up