လိင်ကျွန်ပြုသူများကို တရားရုံးမပို့နိုင်သရွေ့ မလွတ်မြောက်ဟု လိင်ကျွန်အမျိုးသမီးပြော
အတင်းအကြပ်လိင်ကျွန်ပြုသူများကို တရားရုံးကို မပို့နိုင်သရွေ့ မလွတ်မြောက်ဟု အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်)ရဲ့ လိင်ကျွန်ဘ၀က လွတ်မြောက်လာတဲ့ အမျိုးသမီးက ပြောပါတယ်။
အမေနဲ့ ညီအစ်ကို ၆ ဦးလုံးကို အိုင်အက်စ်တွေက သတ်ဖြတ်တာခံခဲ့ရတဲ့ အီရတ်နိုင်ငံ မြောက်ပိုင်း ဆင်းဂျာမှာ နေထိုင်သူ အသက် ၂၁ နှစ် နာဒီယာက အမေရိကန်ပြည်ထောင်စု ဥပဒေပြုအမတ်တွေကို ပြောလိုက်တာ ဖြစ်ပါတယ်။
အိုင်အက်စ်တွေကို ချေမှုန်းရာမှာလည်း တကမ္ဘာလုံး စည်းလုံး ညီညွတ်ဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
ယာဇီဒီအသိုင်းအ၀န်းက သစ္စာဖောက်အဖြစ် ယူဆထားတဲ့သူတွေကို အိုင်အက်စ်တွေက နေအိမ်တွေကနေ ခိုးယူပြီး လိင်ကျွန်အဖြစ် ရောင်းစားပါတယ်။
ဆင်းဂျာကို သိမ်းပိုက်ပြီး ဓားစာခံအဖြစ် ခေါ်ဆောင်သွားတဲ့ ယာဇီဒီ အမျိုးသမီး ၅၀၀၀ ထဲမှာ နာဒီယာက တဦးအပါအ၀င် ဖြစ်ပါတယ်။
လက်ရှိမှာတော့ ယာဇီဒီ အသိုင်းအ၀န်းက အမျိုးသမီး ၃၄၀၀ နဲ့ ကလေးငယ်တွေကို ဓားစာခံတွေ အဖြစ် အိုင်အက်စ်က ဖမ်းဆီးထားပါတယ်။
ဖေဖော်ဝါရီလကလည်း လန်ဒန်မြို့လယ်က ကုန်သည်သမဂ္ဂ ကွန်ဂရက် အိမ်တော်မှာ နာဒီယာက သူရဲ့ အတွေ့အကြုံကို ပြောဆိုခဲ့ပါတယ်။