နှစ် ၅၀ ကြာ ကိုလံဘီယာ ပြည်တွင်းစစ် ရပ်စဲ၊ ပြည်သူများ အောင်ပွဲခံ

ကိုလံဘီယာနိုင်ငံသားတွေဟာ နှစ်ငါးဆယ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး အစိုးရနဲ့ သူပုန်တို့ ရာသက်ပန် အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ထိုးအပြီးမှာ အောင်ပွဲခံခဲ့ကြပါတယ်။ ဇွန် ၂၃ ရက်နေ့က မြို့တော် ဘိုကိုတာမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ လမ်းပေါ်ထွက်လာပြီး အစိုးရနဲ့ ဖှားသူပုန်တွေ အပစ်ရပ်ရေး လက်မှတ်ထိုးတာကို ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုကတဆင့် ကြည့်ရှုခဲ့ကြပါတယ်။ နှစ်ဘက်ကိုယ်စားလှယ်တွေ သဘောတူညီချက်ကို လက်မှတ်ထိုးပြီး လက်ဆွဲ နှုတ်ဆက်ချိန်မှာ ဒေသခံတွေက ကောင်းချီးပေးခဲ့ပါတယ်။ “ဒီလိုမြင်ကွင်းကို တသက်မှာ မမြင်ဖူးခဲ့ဘူး ဘဝမှာ မမေ့နိုင်တဲ့ အခိုက်အတန့်ပဲ? နောက်ထပ် ကာလကြာရှည်မှာ တခါထပ်ဖြစ်မယ့် ကိစ္စ မဟုတ်ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ အပြီးသတ် ငြိမ်းချမ်းရေးစာချုပ်ကို အစိုးရနဲ့ ဖှားသူပုန်တွေကြား ဇူလိုင် ၂၀ ရက်နေ့မှာ လက်မှတ်ရေးထိုးမယ်လို့ ကိုလံဘီယာ သမ္မတ ဟွမ် မန်နျူရယ် စန်တို့စ်က ကြေညာခဲ့ပါတယ်။ အဲဒီနေ့ဟာ ကိုလံဘီယာ နိုင်ငံရဲ့ လွတ်လပ်ရေးနေ့လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up