A d v e r t i s e m e n t With Us

တောင်တွင်းကြီးမြို့တွင် သေဆုံးအလောင်းတလောင်း တွေ့ရှိ

တောင်တွင်းကြီးမြို့၊ အောင်မြင်ဇေယျ (ရခိုင်) စေတီတော်ပုရဝုဏ်အတွင်းက သစ်ပင်အောက်မှာ အသက် ၅၀ အရွယ် လူသေအလောင်းတလောင်း တွေ့ရှိခဲ့ပါတယ်။ ဇွန် ၂၄ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်မှာ မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း ၁ ရပ်ကွက်၊ အောင်မြင်ဇေယျ (ရခိုင်) စေတီတော်မြတ်ဘုရားပရ၀ုဏ်အတွင်း အရှေ့ဘက် ဘုရားဝတ်ပြုဆောင်နားမှာရှိတဲ့  သစ်ပင်အောက်မှာ ပက်လက်အနေအထားနဲ့ သေဆုံးနေတာကို ဘုရားဖူးလာရောက်တဲ့ အနီးနားက ပြည်သူတွေက တွေ့ရှိတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြတာပါ။ သေဆုံးသူဟာ ဒီနေရာကို အမြဲတမ်းလာရောက်လေ့ရှိပြီ စိတ်ကျန်းမာရေးချို့တဲ့ နေသူတဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာကို တောင်တွင်းကြီးမြို့နယ် မြို့မ ရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတွေက သက်သေတွေနဲ့တကွ သွားရောက်စစ်ဆေးခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ နယ်ထိန်းတပ်ဖွဲ့ဝင်တွေက စိတ္တသုခ လူမှုကူညီရေးအသင်း နိဗ္ဗာန်ယာဉ်အကူအညီနဲ့ အလောင်းကို ရင်ခွဲရုံ သယ်ယူပို့ဆောင်ပြီး  လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - Bopyae Taungdwingyi  

A d v e r t i s e m e n t With Us

More News
Up