တဦးတယောက်အပေါ် မူတည်နေသည့်အသင်းမဟုတ်ဟု ပေါ်တူဂီနည်းပြပြော

UEFA European Championship 2016 - Portugal news conference - Lisbon, Portugal - 07/06/16. Portugal's coach Fernando Santos. REUTERS/Rafael Marchante
1.2K
ပေါ်တူဂီအသင်းဟာ တဦးတယောက်အပေါ်မှာ မူတည်နေတဲ့အသင်း မဟုတ်ဘူးလို့ နည်းပြ ဖာနန်ဒို ဆန်းတို့စ်က ပြောပါတယ်။
ရော်နယ်ဒိုက အသင်းသားတယောက် ဖြစ်ပြီး မန်ယူမှာ ကစားတုန်းက အသင်းအနေနဲ့ ပွဲစဉ်တော်တော်များများကို အနိုင်ရခဲ့ပါတယ်။
ကစားသမားကောင်း တယောက်ရှိတဲ့အတွက် ပွဲတချို့မှာ အနိုင်ရ နိုင်ပါတယ်။ ဒါပေမယ့် ကြီးကျယ်တဲ့ ပြိုင်ပွဲတွေမှာ အသင်းလိုက် ကောင်းမှ အနိုင်ရမယ်လို့ ပေါ်တူဂီနည်းပြက ပြောပါတယ်။
ပေါ်တူဂီအသင်းဟာ ရှုံးထွက်အဆင့်မှာ ခရိုအေရှားနဲ့ ဆုံရမှာပါ။ ပေါ်တူဂီ ကွင်းလယ်သမားတဦးဖြစ်တဲ့ မာရီယိုကတော့ ခရိုအေးရှားက အနိုင်ရဖို့ ပိုပြီး ရေပန်းစားပေမယ့် အဲဒီပွဲမှာ ပိုပြီး ကြိုးစား အားထုတ်သွားမယ်လို့ ပြောပါတယ်။