DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရှ​ဒေသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပေါ် ယင်လတ်နှင့်ထိုင်းလူမှုကွန်ရက်ပေါ်က ပြောစကားများ

  • By DVB
  • 24 June 2016
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်သတင်းကို မြန်မာပြည်သူတွေသာမက ထိုင်းပြည်သူတွေရော နိုင်ငံတကာကပါ စိတ်ဝင်စားနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရောက်ရှိပြီး မြန်မာအလုပ်သမားတွေ အများစုအလုပ်လုပ်ကိုင် နေတဲ့ မဟာချိုင်ကို ဇွန် ၂၃ ရက်နေ့သွားရောက်ခဲ့ချိန်မှာ မြန်မာနိုင်ငံသားတွေ အုန်းအုန်းကျွက်ကျွက် ကြိုဆိုခဲ့တာတွေလည်း ထိုင်းလူမှုကွန်ရက်တွေမှာ ထိုင်းပြည်သူတွေက သူတို့ရဲ့ အမြင်တွေကို အမျိုးမျိုး ပြောဆိုနေကြပါတယ်။

ဒါ့အပြင် ဇွန် ၂၄ ရက်ထုတ် ထိုင်းသတင်းစာတွေမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အကြောင်းကို မျက်နှာဖုံးတွေမှာအကျယ်တ၀င့် ရေးသားဖော်ပြကြပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ကလည်း သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထိုင်းနိုင်ငံကို ပြည်သူရွေးကောက်တင်မြှောက်ခံရတဲ့ အန်အယ်လ်ဒီခေါင်းဆောင် လာရောက်လည်ပတ်တာကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ရေးသားဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ယင်လတ်အပါဝင် ထိုင်းပြည်သူ တွေရဲ့ လူမှုကွန်ရက်ပေါ်က ပြောစကားတွေကို ကောက်နုတ်တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝတ်
ထိုင်းနိုင်ငံကို ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီခေါင်းဆောင် လာလည်ပတ်တာ သတင်းမှာ ဖတ်ရလို့ ဝမ်းသာရပါတယ်။ ၅၄ နှစ်အတွင်း ပြည်သူတွေရွေးကောက်တင်မြှောက်မှုနဲ့ အစိုးရ ဖြစ်လာတာကို ဂုဏ်ယူပါတယ်။
မိုးထဲ ရေထဲမှာ ပြည်ပရောက် မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံပုံတွေ မြင်ရတာဟာ ပြည်သူနဲ့ ခေါင်းဆောင်ကြားက စစ်မှန်တဲ့သံယောဇဉ်ကို ပြသတာဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အတွက် ဆယ်စုနှစ်ကျော်ကြာ ယုံကြည်မှု အတွက် ပေးဆပ်ခဲ့တာကနေ ရလာတဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်။ ဒီအတွက် ဝမ်းမြောက် ဂုဏ်ယူရပါတယ်။
နောက် ထိုင်းနိုင်ငံဘက်ကနေ ကြည့်ရင်တော့ ကျမတို့ နိုင်ငံက နိုင်ငံခြားသား အလုပ်သမား သန်းချီကို မှီခိုနေရပါတယ်။ ဒီထဲမှာ သန်းချီတဲ့ မြန်မာအလုပ်သမားတွေက ၂ နိုင်ငံရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို အဓိကမောင်းနှင်သူတွေဖြစ်ပါတယ်။
ယခင် ကျမ အစိုးရဖြစ်စဉ်က လက်မှတ်မရှိတဲ့ အလုပ်သမားတွေကို တရားဝင်အလုပ်သမား လက်မှတ်တွေ နိုင်ငံတကာစံချိန်စံညွန်းနဲ့ အညီ လုပ်ပေးပါတယ်။ အလုပ်သမားတွေအနေနဲ့ တရားမ၀င် မနေရအောင်ပါ။
ကျမ အမြင်ပြောရရင် မြန်မာအလုပ်သမားတွေက ဒီထက်ပိုပြီး ထိုင်းအစိုးရရဲ့ ဂရုတစိုက် ကြည့်ရှုစာင့်ရှောက်မှုကို ခံရသင့်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီစနစ်ရဲ့ အခြေခံလွတ်လပ်ခွင့်ဖြစ်ပါတယ်။

MThai News သတင်းမှ ကော်နုတ်ချက်များ
รัตติกาล แก้วอนันต์ – “ဒေါ်အောင်ဆန်းစုကြည် – သင့်ရဲ့လူတွေလည်း အိမ်ပြန်ချင်မယ်လို့ ယုံကြည်တယ်။ သင်ပြန်သွားတဲ့အခါ မြန်မာပြည်မှာ အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၃၀၀ ရပြီလို့ ကြေညာလိုက်ပါ၊ သင့်ပြည်သူက နှစ်စဉ်မွေးထုတ်နေတဲ့ ကလေး ၁ သိန်းကျော်ရဲ့ ၀န်ထုတ်ဝန်ပိုးကို ထိုင်းက ထမ်းပိုးနေရတယ်သိလား၊ သူတို့ကို ပြန်ခေါ်ဖို့ မစဉ်းစားဘူးလား၊ ထိုင်းနိုင်ငံက အခွင့်အရေးကိုပဲ တောင်းဆိုနေသလား။”
I-lawin Wongwate – “သင့်နိုင်ငံသားတွေကို ပြန်ခေါ်ပြီး ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်၊ ပတ်စပို့တွေ ပြန်လုပ်ပေး လိုက်ပါ။ တနေ့ဘတ် ၃၀၀ ဆိုတာ ထိုင်းလူမျိုးတောင်မရသေးဘူး၊ ရချင်ရင် အလုပ်ပြုတ်ပြီး ကိုယ့်နိုင်ငံကိုယ်ပြန်ဖို့ပြင်ထား။”
Pipant Thonsaeng – “ မြန်မာပြည်မှာရေမြေသိပ်ကောင်းတယ်၊ မင်းတို့ဖာ မင်းတို့ဒီမှာဒုက္ခလာရှာနေကြတာ။”
Ni Thaksina – “အလုပ်သမားငှားဖို့ မလိုတဲ့သူတွေကတော့ ပြောချင်သလိုပြောနိုင်တာပေါ့၊ အလုပ်သမား ပြတ်လပ်တဲ့ အခက်အခဲကို မင်းတို့သိလို့လား။”
Ju Jularpon – “ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ ၊ တ၀က်စီလျှော့ရအောင် ၊ တနေ့ ဘတ် ၁၅၀ စိတ်မဆိုးနဲ့နော်။”
Korn Hkt –  “တရားမ၀င်လာနေတဲ့သူတွေက တရားဝင်နေသူထက်ပိုများတယ်။”
ติ๊งโหน่ง นะครับ – “တောင်းဆိုတိုင်းသာ လိုက်လျောရရင် နောက်ဆို ထိုင်းနိုင်ငံကိုပါ တောင်းလာလိမ့်မယ်၊ ပေးမှာလား။”

NationTV 22 သတင်းမှ ကောက်နုတ်ချက်
เปส ปากน้ำโพ – “တချို့တွေများ ပြောနေလိုက်ကြတာ မြန်မာကိုမရှက်ဘူးလား၊ အောင်ဆန်းရဲ့ မိန့်ခွန်းတွေပြန် လေ့လာကြည့်ပါ၊ ရိုးသားတယ်၊ လေးစားဖို့ကောင်းတယ်။”
Thidarat Dachathiwonq – “ဒေါ်အောင်ဆန်းစုကြည်က သူ့ပြည်သူကို သူသိပ်ချစ်လို့ ဒီမှာလာတွေ့တယ်။ သူ့ပြည်သူတွေကလည်း မနက် အစောကြီးကတည်းက သူ့ကိုလာစောင့်တယ်။
พระเอก ในหัวจัยใครบางคน – “ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သိပ်သဘောကျတယ်။ သူဟာဘ၀ကို ရင်ဆိုင် တိုက်ပွဲဝင်တဲ့အမျိုးသမီးတဦး ဖြစ်တယ်။ ပြတ်သားတယ်၊ မှန်ကန်တယ်။ သူ့အကြောင်းတွေကို ဖတ်ဖြစ်တယ်။”
Wut Sarawut – “တို့ဆီက ခေါင်းဆောင်ထက်ပိုပြီး ကျက်သရေရှိတယ်။”
Amnart Sangthong
“မတူတဲ့အမြင်အမျိုးမျိုးရှိနိုင်ပါတယ်၊ ဒါပေမယ့်ကိုယ့်ဝန်ကြီးချုပ်ထက်ပိုပြီး ကျက်သရေရှိ တယ်လို့ပြောရင် ဒီနိုင်ငံက ဟိုလောက်မကောင်းဘူးလို့ပြောသလိုပဲ၊ ဒါဆိုမြန်မာပြည်သွားနေပါလား။”
Fon Rungthudee – “သူတို့ဆီကလူတွေ ဒီမှာ ဒါလောက်အများကြီးလာနေကြတာ ထိတ်လန့် စရာကောင်းတယ်၊ အမျိုးမျိုးတွေးလို့ရတယ်၊ သူတို့ခေါင်းဆောင်ကိုလာကြိုပြီးရင် လက်မှတ်တွေ စစ်ဆေးဖို့မမေ့နဲ့။”
ประเสริฐ วัฒนา – “သိပ်အများကြီး မတောင်းဆိုနဲ့ ထိုင်းအစိုးရက အများကြီးပေးပြီးပြီ။”
Wanpen Pen – “ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားလူမျိုးတွေကို အကုန်ပြန်ခေါ်သွားပါ။”
BoonSong Sengvilai – “ဒါလောက်တောင်ဂျီးများတာ၊ အကုန်ခေါ်သွား၊ လော နဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေ ရှိပါတယ်။”

Thai PBS သတင်းမှကောက်နှုတ်ချက်

Somchai Somchai Samgtam – “အလုပ်ရှင်တွေက နိုင်ငံခြားသားအလုပ်သမားကို ငှားရမ်းတာဟာ လုပ်အားခဈေးပေါ လို့ပေါ့၊ ဟိုဟာတောင်းဆို ဒီဟာတောင်းဆို ဆိုရင် အလုပ်ရှင်က မတန်လို့ မင်းတို့ကို မငှားတော့ဘူး။ အောက်ခြေအလုပ်သမားဆို ဘယ်နားခေါ်ခေါ်ရတယ်။”

Lee Nux – “ထိုင်းကတာဝန်ရှိသူတွေသေချာဖတ်ပါ၊ သူ့(ဒေါ်စု)ကို လှည့်စားလို့ရမယ် ထင်နေတဲ့ သူတွေ၊ သူက ပါးနပ်တယ်နော်၊ တို့ဆီက စစ်သားဟောင်းကြီးတွေလို မတုံးဘူး။”

Khaosod သတင်းမှကောက်နှုတ်ချက်
Steve Chen – “တို့ ခေါင်းဆောင်တွေ ဒီအတိုင်းသွားနေရင်တော့ တနေ့တို့သားသမီးမြေးမြစ်တွေ မြန်မာပြည်မှာ အလုပ်သမားသွားလုပ်ရလိမ့်မယ်။ ဒီခေတ်က အပြောင်းအလဲသိပ်မြန်တယ်။”

Tags: ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပေါ် ယင်လတ်နှင့်ထိုင်းလူမှုကွန်ရက်ပေါ်က ပြောစကားများ

  • Previous story ရေနံဓာတ်ငွေ့ကို ပြည်သူလူထုသုံးစွဲမှု တွင်ကျယ်လာအောင် ဆောင်ရွက်ရမယ် – ဦးကျော်မျိုးနိုင်
  • Next story အပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့များ၏ နိုင်ငံရေးအဖွဲ့ အစည်းအဝေး ပြုလုပ်
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
    • 02 အင်းတော်ကြီးဒေသတွင် လူထုအခြေပြုသဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်မည်
    • 03 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 04 ရန်ကုန်တိုင်းအတွင်း အရပ်ဘက် ကုသရေးစင်တာ ၇ ခုသာ ကျန်ရှိ
    • 05 ၁၂ ကြိမ်မြောက်ထီ သိန်း ၁၀၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၂ သောင်းကျော် လာမထုတ်သေး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ရေဒီယို
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.