Home
မြန်မာသတင်း
ဝန်ထမ်းအိမ်ရာ ဖောက်ထွင်းခံရမှုများ နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ တင်ပြ
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 24, 2016
13524363_257525974622033_2202073956070367194_n
နေပြည်တော် ၀န်ထမ်းအိမ်ရာတွေမှာ ခိုးယူဖောက်ထွင်းခံရမှုတွေ ဖြစ်ပေါ်နေတာကြောင့် ခြံစည်းရိုးခတ်ပေးဖို့ နေပြည်တောင်ကောင်စီဥက္ကဋ္ဌထံ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့ ဇဗ္ဗူသီရိမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ မြို့မိမြို့ဖ၊ ရပ်ကွက်ကျေးရွာ ကိုယ်စားလှယ်တွေ ဇွန်လ ၂၄ ရက်နေ့က ဇဗ္ဗူသီရိမြို့နယ် ထွေ/အုပ်ရုံးမှာ တွေ့ဆုံစဉ်တက်ရောက်လာတဲ့ ဝန်ထမ်းတဦးက တင်ပြတောင်းဆို ဆွေးနွေးခဲ့တာပါ။ တွေ့ဆုံမှုမှာ အားကစားကွင်း တည်ဆောက်ပေးနိုင်ဖို့၊ ရေနုတ်မြောင်းတွေ ထိန်းသိမ်းပေးဖို့၊ ဝန်ထမ်းအိမ်ယာတွေမှာ ခြံစည်းရိုးကာရန်ပေးဖို့နဲ့ သူခိုးရန်ကာကွယ်ပေးနိုင်ဖို့၊ ကားပါကင် တည်ဆောက်ပေးဖို့၊ လမ်းပြုပြင်ထိန်းသိမ်းပေးနိုင်ဖို့၊ ကျေးရွာမီးလင်းရေး ဆောင်ရွက်ပေးဖို့၊ လျှပ်စစ်ဓာတ်ကြိုးတွေ လျော့ကျနေမှုတွေကို စိစစ်ပေးဖို့၊ ဆွမ်းလောင်းရုံ တည်ဆောက်ပေးဖို့၊ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိဖို့နဲ့ အခြားလိုအပ်ချက်တွေကို ဒေသခံပြည်သူတွေ ကိုယ်စားဆွေးနွေးခဲ့ကြပါတယ်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က "အခုတက်ရောက်ဆွေးနွေးတာတွေ လေထဲမှာ ပျောက်ကွယ်သွားမှာစိုးလို့ အခုတက်ရောက်လာတဲ့ အရာရှိကြီးတွေကို ပြည်သူလူထု ကိုယ်စားလှယ်တွေရှေ့မှာ ကတိကဝတ်ဖြစ်တယ်ဆိုတာကို တခါတည်း သတိပေးတာပါ။ ကျနော်တို့ကလည်း အစည်းအဝေးမှတ်တမ်းမှာ မှတ်သားထားပါတယ်။ နုတ်တရာ စာတစ်လုံး မို့လို့ပါ"လို့ ပြောပါတယ်။ ဌာနဆိုင်ရာတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း အမြဲစောင့်ကြည့်နေတာဖြစ်ပြီး ပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်လာဖို့ကို တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024