ဒေါ်စုနှင့် ထိုင်းဝန်ကြီးချုပ်တို့ မတွေ့ဆုံမီ အစိုးရအိမ်တော်ရှေ့မှ တိုက်ရိုက်ထုတ်လွှင့်ချက်
DVB
·
June 24, 2016
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ထိုင်းအစိုးရအိမ်တော်မှာ ဒီနေ့ ညနေ့ ၄ နာရီခွဲ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ၊ နယ်စပ်စီးပွားရေးဇုန်ကိစ္စတွေ ဆွေးနွေးမှာဖြစ်ပြီး ၂ နိုင်ငံရွှေ့ပြောင်းအလုပ်သမားကိစ္စ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့လည်း ရှိတယ်လို့ သိရပါတယ်။
ညနေပိုင်းမှာလည်း ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ကို ထိုင်းအစိုးရအိမ်တော်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံမယ့် ထိုင်းအစိုးရအိမ်တော်တွင်းက ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင်က တိုက်ရိုက်သတင်းပေးပို့ထားပါတယ်။