A d v e r t i s e m e n t With Us

အီးယူခွဲထွက်ရေး အနိုင်ရပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

လူထု ဆန္ဒခံယူပွဲမှာ ဥရောပသမဂ္ဂ (အီးယူ) ကနေ ခွဲထွက်ရေး အနိုင်ရပြီးတဲ့နောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ရာထူးကနေ အောက်တိုဘာမှာ နုတ်ထွက်မယ်လို့ ကြေညာပါတယ်။ နောက်ဆုံး ရလဒ်ကို ကြေညာပြီးတဲ့နောက် ၀န်ကြီးချုပ်ရုံးကနေ ကြေညာချက်ထုတ်ပြီး နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ နောက်ခရီးပန်းတိုင်တခုကို သွားရောက်ဖို့အတွက် တိုင်းပြည်ကို ထိန်းချုပ်မောင်းနှင်မယ့် ကပ္ပတိန်တဦးအဖြစ် မသင့်တော်တော့သလို ရှင်းလင်းတဲ့ အစီအစဉ်အတွက် ဘုရင်မနဲ့ စကားပြောပြီးပြီလို့ ကင်မရွန်က ပြောပါတယ်။ တိုင်းပြည် ၀န်ကြီးချုပ်အဖြစ် ၆ နှစ်ကြာ ထမ်းဆောင်ခဲ့ရတာကိုလည်း ဂုဏ်ယူတယ်လို့ သူက ပြောပါတယ်။ စီးပွားရေးနဲ့ လုံခြုံရေး အကျိုးသက်ရောက်မှုတွေအတွက် အီးယူနဲ့ တွဲရေးကို မဲပေးဖို့ ကင်မရွန်က တိုက်တွန်းခဲ့ပေမယ့် ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ ၄၈ နှစ်အတွင်း ပထမဆုံးကျင်းပတဲ့ အီးယူကနေ ခွဲထွက်ရေး/တွဲရေး လူထုဆန္ဒခံယူပွဲမှာ ခွဲထွက်ရေး မဲပေးသူ  ၅၁.၉ ရာခိုင်နှုန်း ရှိခဲ့ပြီး တွဲရေးက ၄၈.၁ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။ အီးယူနဲ့ ခွဲထွက်သွားတဲ့အတွက် ၁၉၈၅ ခုနှစ်နောက်ပိုင်း ဗြိတိန်ငွေကြေး စတာလင်ပေါင်ဟာ အနိမ့်ဆုံး အထိ ထိုးကျသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up