A d v e r t i s e m e n t With Us

ခရီးသည်အမျိုးသမီးကို ကိုင်တွယ်သည့် တက္ကစီသမား ဒဏ်ရိုက်ခံရ

အမျိုးသမီး ခရီးသည်တဦးကို နှုတ်ပိုင်းနဲ့ရော ကာယပိုင်းနဲ့ပါ လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ဆောင်တယ်လို့ စွပ်စွဲခံရတဲ့ ထိုင်းက တက္ကစီဒရိုင်ဘာရဲ့ ယာဉ်မောင်းခွင့် လိုင်စင်ကို သယ်ယူပို့ဆောင်ရေးဌာန (ဒီအယ်လ်တီ)က ရုပ်သိမ်းလိုက်ပါတယ်။ ခရီးသည်ကို ထိတွေ့ဖို့ ကြိုးစားတဲ့ တက္ကစီမောင်းသလား ဆောင်ချိုင်း ဆင်လီကို တက္ကစီမောင်းခွင့် ၆ လနဲ့ ဘတ် ၅ ထောင် ဒဏ်ငွေရိုက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။ ကနဦး စစ်ဆေးချက်တွေအရ ဆောင်ချိုင်းရဲ့ လိုင်စင်က အရင်နှစ် သြဂုတ် ၂၁ ရက်မှာ သက်တမ်းကုန်တာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဆောင်ချိုင်းဟာ အမျိုးသမီး ခရီးသည်ကို ကားပေါ်မှာ ကိုင်တွယ်ထိတွေ့ဖို့ ကြိုးစားနေတဲ့ ဓာတ်ပုံကို လူမှုရေး ကွန်ရက်ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့ပြီးတဲ့နောက် ဒီအယ်လ်တီနဲ့ မြို့ပြရဲတပ်ဖွဲ့ ဗြူရိုတို့က ပူးပေါင်း စစ်ဆေးခဲ့ပါတယ်။ ဇွန် ၂၂ ရက်ညမှာ YouLike ဆိုတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဓာတ်ပုံတွေကို တင်ခဲ့တာ ဖြစ်ပြီး ဒီဓာတ်ပုံတွေကို လူမှုရေးကွန်ရက်တွေက အများဆုံး ဝေမျှခဲ့ပါတယ်။ ဓာတ်ပုံက အနောက်မှာထိုင်နေတဲ့ အမျိုးသမီးရဲ့ ခြေထောက်ကို ကားဆရာက ကိုင်တွယ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဆူကိုဗစ် လမ်း နံပါတ် ၁၁ ကနေ အောင်နတ် လမ်းနံပါတ် ၄၆ ကို သွားဖို့ အမျိုးသမီးနဲ့ သူငယ်ချင်းတွေက ကားကို ငှားစီးခဲ့တာ ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူက ဆင်းသွားပြီးတဲ့နောက် လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်ဆောင်ဖို့ တက္ကစီသမားက ကြိုးစားတယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ တက္ကစီက ဘဝေါင် ကုမ္ပဏီကဖြစ်ပြီး ဒီအယ်လ်တီကို သတင်းအချက်အလက်မပေးတဲ့ အတွက် ဘတ် ၁၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။ ရဲတွေကတော့ ကားသမားဟာ ဆေးသုံးထားခြင်း ရှိမရှိ စစ်ဆေးမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up