ဒေါ်အောင်ဆန်းစုကြည် ထိုင်းတက္ကသိုလ်ကျောင်းသားများကို မိန့်ခွန်းပြော (ရုပ်သံ)
DVB
·
June 24, 2016
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းတက္ကသိုလ်တွေက တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၃၀၀ လောက်ကို ဘန်ကောက် ထိုင်းနိုင်ငံခြားရေးရုံးမှာ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံပြီး မိန့်ခွန်းပြောနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းတက္ကသိုလ်တွေက ကျောင်းသား/ သူတွေကို “ Myanmar, ASEAN and the World : The Way Forward” ခေါင်းစဉ်နဲ့ ဟောပြောနေပါတယ်။
ဒီနေ့ညနေ့ ၄ နာရီခွဲမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ၊ နယ်စပ်စီးပွားရေးဇုန်ကိစ္စတွေ ဆွေးနွေးမှာဖြစ်ပြီး ၂ နိုင်ငံရွှေ့ပြောင်းအလုပ်သမားကိစ္စ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့လည်း ရှိတယ်လို့ သိရပါတယ်။ ညနေပိုင်းမှာလည်း ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ကို ထိုင်းအစိုးရအိမ်တော်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။