Home
ဆောင်းပါး
သန်း​ရွှေ အလွန် (၄)
DVB
·
September 16, 2011
ကာကွယ်​ရေး ​ဦး​စီး​ချုပ်​ဟောင်း​ ဦးသန်းရွှေဟာ မြန်မာ့တပ်မ​တော်ကို တရားမဝင် ​နောက်ကွယ်က​နေပြီး​ ဆက်လက်ပြီး​ ကွပ်ကဲ​နေတာ​တွေကို ပြီး​ခဲ့​တဲ့​အပတ်က တင်ပြခဲ့​ပြီး ​ဖြစ်ပါတယ်။ ဒီတပတ်မှာ​တော့​ ဗိုလ်ချုပ်မှူး​ကြီး​ဟောင်း​ ဦးသန်း​ရွှေဟာ ဦး​စီး​ချုပ်ရာထူး​ကို ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို လွှဲ​ပြောင်း​ပေး​ရတာနဲ့​ ပတ်သက်ပြီး​ သုံး​သပ်တင်ပြသွား​ပါမယ်။ ဗိုလ်ချုပ်မှူး​ကြီး​ဟောင်း​ ဦး​သန်း​ရွှေဟာ သူအာဏာစရပြီး​နောက်ပိုင်း​ ၁၉၉၂ ကတည်း​က တပ်မ​တော်အင်း​အား​ရှိမှ တိုင်း​ပြည်အင်း​အား​ရှိမယ်ဆိုပြီး​တော့​ ​ကြွေး​ကြော်ပြီး​ တပ်မ​တော်အင်အား​ကို တိုး​ချဲ့​ခဲ့​ပါတယ်။ ဗိုလ်ချုပ်မှုး​ကြီး​သန်း​ရွှေဟာ မာစတာဘရိမ်း​သမား​လို့​ တပ်ထဲမှာ လူသိများ​ပြီး​တော့​ စစ်တပ်​နောက်​နောက်ခံပြု မြန်မာနိုင်ငံဖြစ်ဖို့​အတွက် သူအာဏာရပြီး​ကတည်း​က စီမံချက်​ရေး​ဆွဲပြီး​ လုပ်​ဆောင်ခဲ့​ပါတယ်။ တပ်မ​တော်ဟာ တဖြည်း​ဖြည်း​နဲ့​ပဲ သူအဖွဲ့​အစည်း​ဆိုင်ရာ စည်း​မျဉ်း​ နည်း​ဥပ​ဒေ​တွေနဲ့​ မသွား​တော့​ဘဲ ဦး​သန်း​ရွှေအလိုကျ ရာထူး​တိုး​မြင့်​တာ​တွေ၊​ ဖယ်ရှာတာ​တွေ ပြုလုပ်ခဲ့​ပြီး​တော့​ ​နောက်ဆုံး​မှာ စီနီယာဗိုလ်ချုပ်​တွေကို ဖယ်ရှား​ပြီး​တော့​ သူစိတ်ကြိုက် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို   ဦး​စီး​ချုပ်ရာထူး​ လွှဲ​ပြောင်း​ပေး​ခဲ့​ပါတယ်။ တကယ်​တော့​ သက္ကရာဇ် ၂၀၀၀ ​ကျော် အ​နှောင်း​ပိုင်း​ကာလာမှာ မြန်မာတပ်မ​တော် စစ်ရုံး​က စစ်ဗိုလ်ချုပ်အများ​စုဟာ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေ ​နောက်ပိုင်း​ ကာကွယ်​ရေး​ဦး​စီး​ချုပ် အသစ် ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား​ သုံး​သပ်မှု​တွေ ရှိခဲ့​ပါတယ်။ ဗိုလ်ချုပ်ကြီး​သန်း​ရွှေ​နောက်ပိုင်း​ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်လာ​ရေး​နဲ့​ပတ်သက်ပြီး​ စစ်ဗိုလ်ချုပ်​တွေကြား​ထဲမှာ စာတမ်း​တ​စောင် ​ပေါ်ထွက်လာခဲ့​ပါတယ်။ အဲဒီစာတမ်း​မှာ​တော့​ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေသာလျှင် တပ်ကို ထိန်း​သိမ်း​နိုင်မယ်။ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေဟာ ဦး​နေဝင်း​နောက်ပိုင်း​ မြန်မာ့​တပ်မ​တော်ကို အဆင့်​မြင့်​အောင် လုပ်​ဆောင်နိုင်ခဲ့​တယ်။ တပ်မ​တော် အကျိုး​စီး​ပွား​အတွက် ပြုပြင်​ပြောင်း​လဲတာ​တွေကို လုပ်ခဲ့​တယ်လို့​ စစ်ဗိုလ်ချုပ် အ​တော်များ​များ​က ယုံကြည်​နေတယ်လို့​ သိရပါတယ်။ အဲဒီလို ယုံကြည်​အောင် လုပ်ထား​နိုင်ခဲ့​ပြီး​တော့​ ဦး​သန်း​ရွှေဟာ တပ်မ​တော်ကို အုပ်ချုပ်နိုင်သ​လောက် အုပ်ချုပ်​စေတာ အ​ကောင်း​ဆုံး​ပဲ၊​ ဦး​သန်း​ရွှေ မရှိတဲ့​ ​နောက်ပိုင်း​မှာလည်း​ ဦး​သန်း​ရွှေရဲ့​ စိတ်အချအရဆုံး​ ဘယ်သူကိုပဲ ဦး​စီး​ချုပ်ရာထူး​လွှဲလွှဲ တပ်မ​တော်ဟာ အလား​အလာ ​ကောင်း​နိုင်တယ်။ စစ်တပ် မပျိုကွဲနိုင်ဘူး​၊ စစ်တပ်ရဲ့​ အကျိုး​စီး​ပွား​ မထိခိုက်ဘူး​ဆိုတာကို တပ်မ​တော်က ထိပ်ပိုင်း​စစ်ဗိုလ်ချုပ်​တွေဟာ နား​လည်း​သ​ဘော​ပေါက် လက်ခံခဲ့​ကြပါတယ်။ ဒါ​ပေမယ့်​ မြန်မာတပ်မ​တော်ဟာ သူ့​အဖွဲ့​စည်း​နဲ့​ဆိုင်တဲ့​ စည်း​မျဉ်း​ စည်း​ကမ်း​အတိုင်း​ လုပ်​ဆောင်တာ ဦး​သန်း​ရွှေလက်ထက်မှာ မဖြစ်ခဲ့​ဆုံး​ဖြစ်ပြီး​တော့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် သူမရှိ​တော့​တဲ့​နောက်ပိုင်း​မှာ စစ်ရာထူး​ ပရိုဆီဂျာအဖြစ် စစ်တပ်အ​ခေါ် ကြီး​စဉ်အတိုင်း​ သွား​ရမှာဖြစ်​ပေမယ့်​ လက်​တွေမှာ​တော့​ စီနီယာ ဗိုလ်ချုပ်ကြီး​တွေကို အရပ်ဝတ် ​ပြောင်း​စေခဲ့​တယ်။ သူ့​အောက်က ဗိုလ်ချုပ်ကြီး​ သူရ​ရွှေမန်း​ကို အရပ်ဘက်ကို ​ပြောင်း​စေတယ်။ ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် ဖြစ်လာနိုင်မယ်လို့​ ထင်​ကြေး​ပေး​တဲ့​ ဒုတိယဗိုလ်ချုပ်ကြီး​မြင့်​ဆွေ ကိုလည်း​ အရပ်ဝတ်အဖြစ် ​ပြောင်း​စေခဲ့​ပါတယ်။ တခြား​ စီနီယာ​တွေဖြစ်တဲ့​ စစ်ဗိုလ်ချုပ်​တွေကို အဆင့်​လိုက်တိုး​ပေး​ရမှာကို မလုပ်​တော့​ဘဲ ဦး​သန်း​ရွှေတ​ယောက်တည်း​က​နေပြီး​ တပ်ကို ကိုယ်ပိုင်ပစ္စည်း​လို လုပ်ချင်သလို လုပ်​ဆောင်ခဲ့​ပါတယ်။ မြန်မာ့​တပ်မ​တော်ဟာ ​ပေါ်လစီဂိုက်လိုင်း​နဲ့​ ဦး​တည်သွား​နေတာမျိုး​ မဟုတ်ဘဲ ဦး​သန်း​ရွှေရဲ့​ သ​ဘောထား​ပေါ် မူတည်ပြီး​ သွား​နေသလို ဖြစ်ခဲ့​ပါတယ်။ ​နောက်ဆုံး​တော့​ မတ်လ ၃၀ ရက်​နေ့​မှာ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို တပ်ချုပ်ကြီး​ရာထူး​ကို လွှဲ​ပေး​ခဲ့​ပါတယ်။ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ ဘယ်လိုလူမျိုး​လဲ။ ဦး​သန်း​ရွှေလက်ထက်က အဘက်ဘက်က ကျဆင်း​နေတဲ့​ မြန်မာ့​တပ်မ​တော်ကို ပြန်လည်ပြီး​တော့​ ​ကောင်း​မွန်​အောင် လုပ်နိုင်ပါ့​မလား​ဆိုတာ စစ်တက္ကသိုလ်​ကျောင်း​ဆင်း​ တပ်မ​တော်အရာရှိ​ဟောင်း​ ဗိုလ်ရဲထက်က​တော့​ သူ​တွေ့​ကြုံခဲ့​ဖူး​တဲ့​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို အခုလို သုံး​သပ်​ပြောဆိုပါတယ်။ “ကာကွယ်​ရေး​ ဦး​စီး​ချုပ်ဖြစ်တာ စစ်တပ် ဘယ်လို အ​နေအထား​ ရှိလဲဆို​တော့​ စစ်တက္ကသိုလ်​ကျောင်း​အုပ်ကြီး​ လုပ်သွား​တဲ့​ အ​နေအထား​တိုင်း​ဆိုရင်​တော့​ ​ကောင်း​တယ်လို့​ ​ပြောလို့​ရပါတယ်။ ဒါ​ပေမယ့်​ သူက နည်း​နည်း​ စာအုပ်သမား​ ဆန်တယ်။ ကျ​နော်တို့​ ဗိုလ်​လောင်း​ဘဝမှာ ​ပြောဖူး​တယ်။ အထက်က ဘာလုပ်လုပ် ဘာမှ ပြန်မ​ပြောနဲ့​၊​  ဒါ​ပေမယ့်​ ကိုယ့်​အလှည့်​ကျရင် ကိုယ်မကြိုက်တာကို မလုပ်နဲ့​။ အဲလိုပုံစံမျိုး​။ သူကလည်း​ သူတိုင်း​မှူး​ ဖြစ်တဲ့​အချိန်မှာ တခြား​တိုင်း​မှူး​တွေ ဘာဖြစ်ဖြစ် သူ သိပ်ဂရုမစိုက်ဘူး​။ ဒါ​ပေမယ့်​ သူအုပ်ချုပ်တဲ့​ ​နေရာကလူ​တွေက​တော့​ သူမကြိုက်တာ သူမလုပ်ဘူး​။ သူ့​ရဲ့​ rule system (စည်း​စနစ်) နဲ့​ သူသွား​တယ်။ အဲဒီပုံစံမျိုး​ပေါ့​။ အဲ​တော့​ သူက အခု တပ်ချုပ်ကြီး​ ဖြစ်သွား​တဲ့​ အခါကျ​တော့​လည်း​ ဒီတပ်မ​တော် တရပ်လုံး​ကို သူအခု လုပ်​နေတဲ့​ ပုံစံအတိုင်း​ဆိုရင် အဲဒီ rule(စည်း​မျဉ်း​) အတိုင်း​ သွား​နေတာပဲ​လေ။ ကျ​နော်အမြင်​ပေါ့​နော်။” ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်မ ၄၄ တပ်မမှူး​၊​ စစ်တက္ကသိုလ်​ကျောင်း​အုပ်ကြီး​၊​ ​ရွှေတြိဂံတိုင်း​ တိုင်း​မှူး​၊​ ကစထမှူး​နဲ့​ တပ်မ​တော်ညှိနှိုင်း​ကွပ်ကဲ​ရေး​မှူး​ရာထူး​တွေကို ၁၀ နှစ် အ​တောအတွင်း​မှာ ရာထူး​အဆင့်​ဆင့်​ ရရှိခဲ့​ပြီး​တော့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်ရာထူး​ကို ရရှိခဲ့​တာပါ။ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ အမိန့်​နာခံသူတဦး​ဖြစ်တယ်၊​ ​စေ့​စပ် ​သေချာတယ်၊​ အစဉ်အလာအတိုင်း​ လုပ်တတ်တယ်လို့​ မြန်မာတပ်မ​တော်က အရာရှိ​ဟောင်း​တွေက ​ပြောကြပါတယ်။ ဒါ​ပေမယ့်​ ယခင်က တပ်မ​တော်ဆိုတာ ပ​ရော်ဖက်ရှင်နယ်ဖြစ်တာ​တွေ၊​ ရဲ​ဘော်ရဲဘက်စိတ်၊​ တိုက်​ရေး​ခိုက်​ရေး​ စိတ်​တွေဟာ အများ​ကြီး​ရှိခဲ့​ပေမယ် ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေလက်ထက်နဲ့​ သူ့​နောက်ပိုင်း​မှာ အရင်ကလိုမျိုး​ ရဲ​ဘော်ရဲဘက်စိတ်ဓာတ်​တွေ ကျဆင်း​နေတယ်၊​ စစ်ဆင်​ရေး​တွေမှာလည်း​ ရှုံး​နိမ့်​တယ်လို့​ သုံး​သပ်ကြပါတယ်။ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်ပြီး​တဲ့​နောက်မှာ မြန်မာတပ်မ​တော်ဟာ စစ်ဆင်​ရေး​တွေမှာ မ​အောင်မြင်ဖြစ်​နေရပြီး​တော့​ တပ်တွင်း​မှာလည်း​ ပြဿနာ​တွေ အများ​အပြား​ ရှိ​နေတယ်လို့​လည်း​ မြန်မာတပ်မ​တော်က အရာရှိ​ဟောင်း​ ဗိုလ်မှူး​အောင်လင်း​ထွဋ်က သုံး​သပ် ​ပြောဆိုပါတယ်။ “ဒီတပ်မှာလည်း​ အခုအချိန်မှာ​လေ ပြဿနာ​တွေ အများ​ကြီး​ ရှိပါတယ်။ ဆင်း​ရဲ မွဲ​တေမှု​ရော၊​ ရဲ​ဘော်ရဲ​မေ ပြဿနာ​တွေ​ရော၊​ တပ်ထဲမှာ ကလန်ကဆန် ဖြစ်တာ​တွေ​ရော၊​ စစ်ဆင်​ရေး​မှာလည်း​ ဒီ​ကေဘီ​အေ တိုက်လည်း​မ​အောင်မြင်ဘူး​။ ​ကေအိုင်​အေနဲ့​ တိုက်လည်း​ မ​အောင်မြင်ဘူး​။ ရှမ်း​နဲ့​ တိုက်တာ​တောင် သူတို့​ ရှုံး​နေတာ​တွေက သူတို့​ high level ​တွေမှာ ဘာ​ကြောင့်​လဲဆိုတာကို သူတို့​ deal (အ​ပေး​အယူ) လုပ်ကြတာပဲ။ မင်း​အောင်လှိုင်နဲ့​ ရှင်း​ရှင်း​ပြောရရင် သူတို့​က level (အဆင့်​) တန်း​ညှိရင် သိပ်မကွာတဲ့​ သူ​တွေ​ပေါ့​။ မကွာတဲ့​အခါမှာ rank (ရာထူး​အဆင့်​အတန်း​) အရ​တော့​ မင်း​အောင်လှိုင်က ဦး​စီး​ချုပ် ဖြစ်သွား​တဲ့​ အခါကျ​တော့​ သူက ငါဆိုတာမျိုး​ ဖြစ်သွား​တာကိုး​။ ​တော်​တော်များ​များ​က အပြိုင်အဆိုင် ဖြစ်တဲ့​အ​ပေါ်မှာ အာခံတာမျိုး​တွေက​တော့​ ပြဿနာမျိုး​တွေ ​ပေါ်တယ်လို့​ ကျ​နော်တို့​ သိရတယ်ဗျ။ အကြမ်း​ဖျင်း​ပေါ့​နော်။” လော​လောဆယ်မှာ​တော့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်လက်ထဲမှာ မြန်မာ့​တပ်မ​တော်ကို လုပ်ပိုင်ခွင့်​အာဏာ ဘယ်​လောက် အထိလုပ်နိုင်သလဲ ဆိုတာ​တော့​ သံသယရှိတဲ့​ ​မေး​ခွန်း​ဖြစ်ပါတယ်။ ဦး​သန်း​ရွှေ ​နောက်ပိုင်း​ နိုင်ငံ​ရေး​အရနဲ့​ တပ်မ​တော်ထဲမှာပါ ​ပြောင်း​လဲတာ​တွေကို ​တွေ့​ရတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့​စည်း​ပုံအုပ်ချုပ်ပုံအ​ခြေခံဥပ​ဒေမှာ​တော့​ နိုင်ငံ​တော် ကာကွယ်​ရေး​နှင့်​ လုံခြုံ​ရေး​ကောင်စီကို ဖွဲ့​စည်း​ခဲ့​တဲ့​အတွက် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ရဲ့​ လုပ်ပိုင်း​ခွင့်​ကိုလည်း​ တဖန် ကန့်​သတ်ထား​တယ်လို့​လည်း​ ပြည်တွင်း​ပြည်ပ ပညာရှင်​တွေ တပ်မ​တော်သား​ဟောင်း​တွေက သုံး​သပ်တာ​တွေ ရှိပါတယ်။ ဒါ​ပေမယ့်​ နိုင်ငံ​တော်ကာကွယ်​ရေး​နှင့်​ လုံခြုံ​ရေး​ကောင်စီဟာ နိုင်ငံ​တော်အဆင့်​ အမြင့်​ဆုံး​လုပ်ပိုင်ခွင့်​ရ အဖွဲ့​အစည်း​ဖြစ်​ပေမယ့်​ တိုင်း​ရင်း​သား​ အ​ရေး​ကိစ္စနဲ့​ စစ်တပ်ရဲ့​ အကျိုး​စီး​ပွား​ထိခိုက်တဲ့​ အခါကျရင်လည်း​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်အ​နေနဲ့​ တိုင်း​ပြည်အာဏာကို အချိန်မ​ရွေး​ သိမ်း​ယူပြီး​တဲ့​နောက် ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေလိုမျိုး​ပဲ မြန်မာတပ်မ​တော်ကို တဦး​တ​ယောက်ရဲ့​ လက်ထက်မှာ ထိန်း​ချုပ်ထား​နိုင်တာမျိုး​ကို ​ရောက်နိုင်တယ်လို့​လည်း​ အ​မေရိကန်နိုင်ငံ ဘာကာ​လေ တက္ကသိုလ်မှာ နိုင်ငံ​ရေး​သိပ္ပံပါရဂူဘွဲ့​ ​လေ့​လာသင်ယူ​နေတဲ့​ ကိုမင်း​ဇင်က သုံး​သပ်​ပြောဆိုပါတယ်။ “ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို သူတ​ယောက်တည်း​ ကွက်​ပြောရတာ​တော့​ ခက်ပါတယ်။ ဒါ​ပေမယ့်​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် ကိုယ်တိုင်ပဲ ကာကွယ်​ရေး​ ဦး​စီး​ချုပ်ရာထူး​မှာ ဘာ​လောက်ကြာကြာ ရှိမလဲဆိုတာကလည်း​ ​မေး​ခွန်း​ ထုတ်စရာပါ။ လက်ရှိ အမျိုး​သား​ ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီက ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို ဘယ်​လောက်အထိ ကာကွယ်​ရေး​ဦး​စီး​ချုပ်ရာထူး​မှာ ဆက်ထား​မှာလဲ။ သူ့​ကို ကာလတခု ​ရောက်ရင် ကြံ့​ဖွံ့​ပါတီထဲကို ​ပြောင်း​လိုက်မှာလား​။ ဒါက ဦး​နေဝင်း​တုန်း​က လုပ်ခဲ့​တဲ့​ ပုံစံမျိုး​ပေါ့​။ ဒါ​တွေအား​လုံး​က ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် တ​ယောက်တည်း​အ​ပေါ်မှာ မူမတည်ပါဘူး​။ ချုပ်​ပြောမယ် ဆိုရင်​တော့​ လက်ရှိစနစ်နဲ့​ လက်ရှိအာဏာခွဲ​ဝေထား​ပုံက တစုံတရာ​တော့​ စစ်​ခေါင်း​ဆောင်​တွေကို (အကာအကွယ်) ​ပေး​ထား​တာ ​တွေ့​ရတယ်။ ဒီအာဏာချိန်ခွင် ပျက်သွား​မယ်။ ဒါမှမဟုတ် ပြုပြင်​ပြောင်း​လဲမှု​တွေကို အလွန်အကျွံ လုပ်လာလို့​ တ​နေရာမှာ တချိန်မှာ စစ်တပ်ရဲ့​ အကျိုး​စီး​ပွား​ကို ပျက်စီး​လာနိုင်တဲ့​ တိုင်း​ရင်း​သား​ကိစ္စ​တွေမှာ အလွန်အကျွံ အ​လျှော့​အတင်း​တွေ လုပ်လာရင် စစ်တပ်က မ​ကျေမနပ် ဖြစ်လာမယ်ဆိုရင်​တော့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်မှ မဟုတ်ပါဘူး​ အခြား​ စစ်​ခေါင်း​ဆောင်​တွေကလည်း​ အရပ်သား​တွေကို မဲပြီး​တင်း​တာ​တွေ၊​ အ​ခြေခံဥပ​ဒေပါ အခွင့်​အ​ရေး​တွေကို ပြန်သုံး​ပြီး​တော့​ စစ်တပ်ရဲ့​ ဦး​ဆောင်မှုကို ပြန်ပြီး​တော့​ ​ရောက်လာတာမျိုး​ ဖြစ်လာနိုင်ပါတယ်။” ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်အ​နေနဲ့​ ဘယ်လိုလမ်း​ကြောင်း​မျိုး​ကို သွား​မလဲ၊​ ဘယ်လို စိတ်​နေသ​ဘောထား​မျိုး​ ရှိတယ်ဆိုတာ​တွေကို တပ်မ​တော်သား​ အရာရှိ​ဟောင်း​တွေနဲ့​ ပညာရှင်​တွေရဲ့​ ခန့်​မှန်း​ပြောဆိုချက်​တွေကို တင်ပြလိုက်ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024