ဒုသမ္မတ ၂ မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 24, 2016
နေပြည်တော်၊ မဏိရတနာခန်းမမှာ ဇွန်လ ၂၄ ရက်နေ့ စတင်ဖွင့်လှစ်တဲ့ ၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဒုသမ္မတ(၂) ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်ခဲ့ပါတယ်။
ဒီနှစ်ဒီအကြိမ်မှာကတော့ ကျောက်မျက်ရတနာ ရောင်းချရငွေတွေထဲက ၁ ရာခိုင်နှုန်းကောက်ခံ မှုကို ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
အရင်နှစ်တွေက ရောင်းရငွေတွေထဲက ၁ ရာခိုင်နှုန်း၊ ၁.၅ ရာခိုင်နှုန်း ကောက်ခံခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇွန်လ ၂၄ ရက်နေ့မှာကတော့ ရတနာကုန်သည်တွေက ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ ကျောက်စိမ်းအတွဲတွေကို ကြည့်ရှုတာတွေနဲ့ ရောင်းချမယ့် ပုလဲအတွဲတွေအတွက် ဈေးနှုန်း တင်သွင်းလွှာ (Bidding Form) တင်ဒါပုံးအတွင်းထည့်သွင်းမှုကို ပြုလုပ်ကြမှာဖြစ်ပါတယ်။