A d v e r t i s e m e n t With Us

အီးယူက ခွဲထွက်ရန် ဗြိတိန် မဲပေးဆုံးဖြတ်

ဓာတ်ပုံ - ပီအေ
ဥရောပသမဂ္ဂ (အီးယူ) ကနေ ခွဲထွက်ရေး/မထွက်ရေး ကျင်းပနေတဲ့ ဗြိတိန်နိုင်ငံ လူထုဆန္ဒခံယူပွဲမှာ ခွဲထွက်ရေး မဲပေးသူတွေက အနိုင်ရရှိခဲ့ပါတယ်။ ၄၈ နှစ်အတွင်း ပထမဆုံးကျင်းပတဲ့ လူထုဆန္ဒခံယူပွဲမှာ ခွဲထွက်ရေး မဲပေးသူ ရာခိုင်နှုန်းက ၅၂ ရှိခဲ့ပြီး တွဲရေးက ၄၈ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။ လန်ဒန်နဲ့ စကော့တလန်တို့က အီးယူထဲမှာ ဆက်နေဖို့ မဲပေးခဲ့ပေမယ့် ဝေးလ်နဲ့ အင်္ဂလန် အလယ်ပိုင်းရှိ တောပိုင်းက မြို့တွေကတော့ ခွဲရေးကို ထောက်ခံခဲ့ကြပါတယ်။ အီးယူကနေ ခွဲထွက်ဖို့အတွက် နှစ်ပေါင်း ၂၀ စည်းရုံးလှုပ်ရှားခဲ့တဲ့ ဗြိတိန် လွတ်လပ်ရေးပါတီ ခေါင်းဆောင် နစ်ဂျယ် ဖာရေ့ကတော့ ဒါဟာ အခြေခံလူတွေအတွက် အောင်မြင်မှုတခု ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကို နုတ်ထွက်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ရလဒ်ကြောင့် ဗြိတိန်နိုင်ငံသုံး စတာလင်ပေါင် ဈေးနှုန်းဟာ ၁၉၈၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အနိမ့်ဆုံးကို ကျဆင်းသွားလို့ အင်္ဂလန်ဘဏ်က ကြားဝင်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အီးယူတည်ထောင်ပြီးတဲ့နောက်ပိုင်း ပထမဆုံးအနေနဲ့ ဗြိတိန်က နုတ်ထွက်တဲ့ တိုင်းပြည် ဖြစ်လာပါတယ်။ အီးယူကနေ နုတ်ထွက်တာဟာ အဖွဲ့ဝင် ၂၈ နိုင်ငံကနေ အလျှင်အမြန် ရပ်ဆိုင်းတဲ့ သဘောမျိုးတော့ မဟုတ်သေးဘူးလို့ သတင်းက ရေးပါတယ်။ နုတ်ထွက်ဖို့အတွက် လုပ်ဆောင်ရမယ့် အရာတွေက အနည်းဆုံး ၂ နှစ်လောက် ကြာဦးမှာ ဖြစ်သလို မဲဆွယ်ကာလမှာ ခွဲထွက်တာဟာ ၂၀၂၀ အထိ ပြီးမှာမဟုတ်ဘူးလို့ ခွဲရေး စည်းရုံးလှုပ်ရှားသူတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up