A d v e r t i s e m e n t With Us

ရခိုင်တပ်ဖွဲ့ ၂ ခု တိုက်ပွဲဖြစ်၊ ၁ ဦးသေ ၁ ဦး အဖမ်းခံရ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ ရက္ခိုင့်တပ်မတော်တို့အကြား ဇွန်လ ၂၁ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့မှုကြောင့် တပ်သား ၁ ဦးပျောက်ဆုံးပြီး ၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ (အေအယ်လ်ပီ/အေအယ်လ်အေ) က သတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ/အေအယ်လ်အေ) တပ်ရင်း ၉ က စစ်ကြောင်းတကြောင်းဟာ ဗဟိုဌာနချုပ်ကနေ အပြန် စတင်ပစ်ခတ်ခံခဲ့ရတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အေအယ်လ်ပီ/အေအယ်လ်အေ  တွဲဖက်အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းက “ကျနော်တို့ တပ်ခွဲတခွဲက ကျနော်တို့ တြိဂံနယ်မြေကို ပြန်လာတဲ့အချိန်မှာ သူတို့ဘက်က စပြီးတော့ ပစ်တာပေါ့။ အဲဒီလမ်းမှာ အဲဒါကြောင့် တိုက်ပွဲဖြစ်တာပါ။ ဖြစ်တာက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပလက်ဝမြို့နယ် နယ်စပ်မှာဖြစ်တာပါ။” ဒီတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တပ်သား ၁ ဦး ဖမ်းဆီးခံရပြီး ၁ ဦးပျေက်ဆုံးနေကြောင်းနဲ့ အေအယ်လ်ပီ/အေအယ်လ်အေ တပ်သားကို ရက္ခိုင့်တပ်မတော် (အေအေ) က ဖမ်းဆီးထားကြောင်းက အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ရက္ခိုင်တပ်မတော်ပြောခွင့်ရ ဦးခိုင်သုခကတော့ ဖမ်းဆီးထားတဲ့ကိစ္စကို မသိရသေးကြောင်းနဲ့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။ “ကျနော်အဲဒီကိစ္စမသိသေးဘူး။ ကျနော်ပြန်ပြီးတော့ မေးကြည့်လိုက်ဦးမယ်။ ကျနော် ဖေ့စ်ဘွတ်ခ်တွေမှာတော့တွေ့တယ်။ သက်ဆိုင်တဲ့သူတွေကို လှမ်းမေးတော့ ဒီကြားထဲမှာ အဲလိုမျိုး ပစ်ခတ်မှုဖြစ်တာမရှိဘူးလို့ ပြောတယ်။ သူတို့ဘာကြောင့် အဲလိုပြောလဲဆိုတော့ ကျနော် တချက်ပြန်မေးကြည့်ပါဦးမယ်ဗျာ။” ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြန်လည်တွေ့ဆုံအဖြေရှာမယ်လို့လည်း ဦးခိုင်အောင်စိုးသန်းက ပြောပါတယ်။ ရခိုင်ပြည်လွှတ်မြောက်ရးပါတီ (အေအယ်လ်ပီ/အေအယ်လ်အေ) ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) စာချုပ်ကို လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး ရက္ခိုင့်တပ်မတော် (အေအေ) ကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမတွေမရှိသေးသလို အခုချိန် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွား နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ 13510596_919592854816533_61152274_n

A d v e r t i s e m e n t With Us

More News
Up