တိုက်စစ်မှူး ဂရစ်ဇ်မန်းကို အက်သလက်တီကို စာချုပ်သက်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ
စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်က တိုက်စစ်မှူး ဂရစ်ဇ်မန်းကို စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။ စာချုပ်သစ်ကြောင့် တိုက်စစ်မှူးဟာ တီကိုမှာ ၂၀၂၁ အထိ ရှိနေမှာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ အယ်လ်ဘေးနီးယားကို အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူထားပါတယ်။ တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက တီကိုအသင်းအတွက် ပွဲပေါင်း ၅၄ ပွဲ ကစားပေးထားပြီး ၃၂ ဂိုး သွင်းယူထားပါတယ်။ စာချုပ်သစ် ချုပ်ဆိုနိုင်လို့ ကျေနပ်ရတယ်လို့လည်း ဂရစ်ဇ်မန်းက ပြောပါတယ်။ ပြီးခဲ့တဲ့တပတ်မှာပဲ တီကိုဟာ တိုက်စစ်မှူး ဂိုက်တန်ကို ပေါ်တူဂီကလပ် ဘန်ဖီကာအသင်းကနေ ခေါ်ယူထားခဲ့တာပါ။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up