ဆောက်သမ်တန်ကွင်းလယ်လူ ၀မ်ရာမာကို စပါး ခေါ်

ဓာတ်ပုံ - ရိုက်တာ
1.1K
ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန် ကွင်းလယ်ကစားသမား ဗစ်တာ ၀မ်ရာမာကို စပါးအသင်းက ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။
ဝမ်ရာမာကို စပါးအသင်းက ပေါင် ၁၁ သန်းပေးပြီး ခေါ်ယူလိုက်တာပါ။
ဝမ်ရာမာဟာ ပြီးခဲ့တဲ့ရာသီမှာကတည်းက စပါးအသင်းက စိတ်ဝင်စားနေလို့ အသင်းပြောင်းဖို့ ပြောဆိုထားပါတယ်။
သူဟာ ဆောက်သမ်တန်အသင်းကို ၂၀၁၃ မှာ ဆဲလ်တစ်အသင်းကနေ ပေါင် ၁၂ သန်းကျော်နဲ့ ပြောင်းရွှေ့လာတာပါ။
ကင်ညာအသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ၀မ်ရာမာဟာ ဆောက်သမ်တန်အတွက် ပွဲပေါင်း ၈၅ ပွဲ ကစားပေးထားပြီး ၄ ဂိုး သွင်းယူထားပါတယ်။