မြွေဖမ်းရန်ကြိုးစားသည့် ကယ်ဆယ်ရေးသမား မြွေတိုက်ခိုက်ခံရ (ရုပ်သံ)
ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ ဇွန်လ ၂၂ ရက်နေ့က မြွေဖမ်းဖို့ကြိုးစားတဲ့ ကယ်ဆယ်ရေးသမား ၁ ဦးကို မြွေက ပြန်ပတ်ပြီး တိုက်ခိုက်တဲ့အတွက် ဒဏ်ရာရရှိခဲ့ပါတယ်။
ပကျူတ်ခီရီခန်ခရိုင် ဘန်ကဖန်းမြို့နယ် ရွန်ထောင်းရပ်ကွက်ထဲမှာ အသုဘအခမ်းအနားတခုမှာ လာမယ့်ဧည့်သည်တွေအတွက် ကားရပ်တဲ့နေရာပြင်ဆင်ရင်း သစ်ခေါင်းထဲကနေ ၅ ပေခန့် ရှည်လျားတဲ့ စပါးအုံးမြွေတကောင်ထွက်လာခဲ့ပါတယ်။
စပါးအုံးမြွေကို ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ဖမ်းလိုက်စဉ်မှာ မြွေက သူ့ခန္ဓာကိုယ်ကို ပြန်ပတ်တဲ့အတွက် မနည်းပြန်ဖြည်ခဲ့ရတယ်လို့ ပြောပါတယ်။
မြွေပတ်ခံရတဲ့ ကယ်ဆယ်ရေးသမားဟာ ကံအားလျော်စွာ အရိုးမကျိုးဘဲ ဒဏ်ရာ အနည်းငယ်သာရခဲ့ တယ်လို့ ဗွီဒီယို ရိုက်ယူခဲ့သူမှ သတင်းထောက်ကို ပြောပါတယ်။