A d v e r t i s e m e n t With Us

ရေတံခွန်ဖြစ်သွားသည့် အမေရိကန် မြေအောက်ဘူတာ စက်လှေကား (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်  မြေအောက်ဘူတာရဲ့ အဆင်းအတက် စက်လှေကားဟာ ရေတံခွန်တခုလို ဖြစ်သွားပါတယ်။ ဇွန် ၂၁ ရက် ညနေ ၆ နာရီလောက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ လမ်းပေါ်က ရေတွေက စက်လှေကားထဲကို ၀င်ရောက်ပြီး စက်လှေကားဟာ ရေတံခွန်လို ဖြစ်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ကို ဖြတ်သွားဖြတ်လာတွေက ဗွီဒီယို၊ ကင်မရာတွေနဲ့ မှတ်တမ်းတင်နေတာကိုလည်း ရုပ်သံဖိုင်မှာ ဖော်ပြထားပါတယ်။ တချို့က ဒီအခြေအနေကို ဆဲလ်ဖီရိုက်ယူ မှတ်တမ်းတင်နေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ကနဦးက ရေစီးက အနည်းငယ်သာ ရှိခဲ့ပေမယ့် မိနစ်အနည်းငယ်ကြာပြီးနောက်ပိုင်း  ရေစီးက ပိုသန်လာပြီး နောက်ထပ် ၁၂ မိနစ်လောက်ကြာမှာတော့ ရေစီးက လုံးဝ ရပ်တန့်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up