A d v e r t i s e m e n t With Us

အားကစားကွင်းမြေ ပြန်လည်ရရှိရေး ဆန္ဒပြ

မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမကျေးရွာ ကော့စိုင်ရပ်ကွက်က အားကစားကွင်းမြေ ပြန်လည်ရရှိ ဖို့ ဒေသခံပြည်သူ ၂၀၀ ဝန်းကျင် ဆန္ဒပြနေကြပါတယ်။ မုတ္တမကျေးရွာအတွင်း မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်းမမှာ ဇွန်လ ၂၃ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဒေသခံပြည်သူတွေ ကန့်ကွက်ဆန္ဒပြနေတဲ့ အဆိုပါ နေရာမြေအကျယ် ၆.၆၈ ဧကကျယ်ပါတယ်။ အဆိုပါ မြေနေရာအားပိုင်ဆိုင်ပါတဲ့ဆိုသူမှ ဒေသခံရွာသား ၆ ယောက်ကို ပေါင်မြို့နယ် တရားရုံးမှာ ပိုက်နက်ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှု၊ ခြိမ်းခြောက်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ (သတင်း၊ ဓာတ်ပုံ - ကျော်စိုး)

A d v e r t i s e m e n t With Us

More News
Up