A d v e r t i s e m e n t With Us

လင်းဇင်းကုန်း‌သုသာန်ေ‌‌မြ‌နေရာရှိ ထိုင်းဘုရင်စေတီဟောင်း ပြုပြင်မှု ရပ်ဆိုင်း

မန္တလေးမြို့ အမရပူရမြို့နယ်‌ လင်းဇင်းကုန်း‌သုသာန်ေ‌‌မြ‌နေရာရှိ အယုဒ္ဓယဘုရင်‌‌ဟောင်း ဥဒုမ္မရ မဟာ‌ထေရ်‌ကြီးရဲ့ ရှေး‌ဟောင်း‌စေတီ‌တော်‌ကြီး ပြုပြင်နေတာကို စည်‌ပင်‌သာယာ‌ကော်မတီ‌က ခွင့်မပြုတဲ့အတွက် ဒီနေ့ ရပ်ဆိုင်းလိုက်ရပါတယ်။ မန္တလေး စည်‌ပင်‌သာယာ‌ကော်မတီ‌ဌာန၊ ‌ရှေး‌ဟောင်းသု‌တေသနဌာနနှင့် သာသနာ‌ရေးဌာန တို့ရဲ့ ခွင့်‌ပြုချက်‌မယူဘဲလုပ်‌ကိုင်‌‌နေတာကို ခေတ္တခဏ ရပ်‌ဆိုင်း‌ပေးဖို့နဲ့ ခွင့်ပြုချက်‌တင်‌ပြီးမှသာ ဆက်‌လက်‌လုပ်‌ကိုင်‌ဖို့အတွက် ဇွန်‌လ ၂၂ ရက်‌‌နေ့ည ၉ နာရီခွဲအချိန်‌က လာ‌ရောက်‌တားမြစ်‌ပြီး ဆိုင်‌ဘုတ်‌တွေ လာ‌ရောက်‌စိုက်‌ထူသွား‌ပါတယ်။ အရင်အစိုးရလက်‌ထက်‌က‌တော့ လင်းဇင်းကုန်း‌သုသာန်ေ‌‌မြ‌နေရာရှိ အယုဒ္ဓယဘုရင်‌‌ဟောင်း ဥဒုမ္မရ မဟာ‌ထေရ်‌ကြီးရဲ့ ရှေး‌ဟောင်း‌စေတီ‌တော်‌ကြီးကို ပြုပြင်ဖို့ ခွင့်ပြုချက်‌‌ပေးခဲ့‌တယ်လို့ သိရှိရပါတယ်။ ဓာတ်ပုံ - အိမ်‌ခိုင်‌မြဲ

A d v e r t i s e m e n t With Us

More News
Up