A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည့် ခန်းမထဲဝင်ခွင့်ရရေး အလုပ်သမားများတောင်းဆို (ရုပ်သံ)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားတွေ တွေ့ဆုံမယ့်ခန်းမမှာ လူ ၅၀၀ ပဲလက်ခံလို့ အဝေးကလာတဲ့ မြန်မာအလုပ်သမားတွေက ၀င်ခွင့်ရဖို့ တောင်းဆိုနေကြ ပါတယ်။ ထိုင်းနိုင်ငံ စမွတ်စခွန်းမြို့ ထလေထိုင်းဈေးခန်းမအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အဝေးကနေလာရောက်ရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား တွေက ၀င်ခွင့်မရတဲ့ အလုပ်သမားတွေ ၀င်ခွင့်ရဖို့ တောင်းဆိုနေကြတာပါ။ ဒီနေ့ မနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up