လူကဲ့သို့ မတ်တတ်လမ်းလျှောက်သည့် ၀က်ဝံ လူမှုကွန်ရက်တွင် ရေပန်းစား (ရုပ်သံ)
အမေရိကန်ပြည်ထောင်စု နယူးဂျာဆီမှာ ၀က်ဝံတကောင်ဟာ လူလိုပဲ မတ်တတ်ရပ်လမ်းလျှောက်ပြီး လူနေအိမ်ကြားထဲမှာ သွားလာနေတဲ့ ရုပ်သံဟာ လူမှုကွန်ရက် မီဒီယာမှာ ရေပန်းစားနေပါတယ်။
ဇွန် ၂၀ ရက်မှာတော့ အိမ်နီးချင်းအိမ်ရှေ့မှာ ဖြတ်သန်းတဲ့ ၀က်ဝံကို မီးဖိုချောင် အခန်းကနေ ဒေသခံ ဂျော့ အယ်ပီဆီတိုက ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။
ရှေ့ညာဘက်လက်ကျိုးနေတဲ့ ၀က်ဝံက နောက်ခြေတွေကို သုံးကာ လူလို လမ်းလျှောက်ခဲ့ပြီး လူနေအိမ် အနီးတ၀ိုက်ကို သွားနေတာ ဖြစ်ပါတယ်။
တနေရာအရောက်မှာတော့ မြက်တွေကို သေချာကြည့်နေတဲ့ ၀က်ဝံက လေးဘက်ထောက်သွားနေတာကို ရုပ်သံက မှတ်တမ်းတင်ထားပါတယ်။
ဒဏ်ရာရထားပေမယ့်လည်း ၀က်ဝံက သန်မာသလို ကနဦးမှာတော့ စိုးရွံ့မိပေမယ့် နောက်ပိုင်းမှာ ၀က်ဝံက ပျော်ရွှင်စရာကောင်းတယ်လို့ ဆိုပါတယ်။
လူတဦးတယောက်ကို အန္တရာယ်ပေးမယ့်ပုံ မပေါ်ဘူးလို့လည်း ဂျော့က ဆိုပါတယ်။
ဒီရုပ်သံကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်ရာမှာတော့ ကြည့်ရှုသူ သိန်းချီရှိခဲ့ပါတယ်။